Transparency Myanmar

transparency.myanmar@gmail.com

By- LAWI WENG
20th Oct, 09
မြန်မာအစိုးရကို ထောက်ခံသော NGO များက Hua Hin တွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးမည့် အရေးကို မလိုလားကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်ပရောက် မြန်မာနိုင်ငံရေး အဖွဲ့အစည်း Burmese Exile Civil Society Organizations (CSOS) က အာဆီယံ ညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်မည် ဖြစ်ကြောင်း အင်္ဂါနေ့က Cha-am တွင် ကျင်းပသည့် Asean People's Forum တက်ရောက်သူများ၏ ပြောကြားချက်အရ သိရသည်။
Alternative Asean Network on Burma ၏ ညှိနှိုင်းရေးမှူး Debbie Stodhard က ပြည်ပရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများအနေနှင့် ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ထားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများသည် လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးရဲမှာ မဟုတ်သည့်အပြင် အစည်းအဝေးမှပင် ထွက်ခွာသွားနိုင်ကြောင်း သုံးသပ်ထားပါသည်။
Asean Intergovernmental Commission on Human Rights (AICHR) ၏ ဖွင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံက ဦးဆောင်ဖွင့်လှစ်ပေးမည် ဖြစ်ပြီး တက်ရောက်လာသော နိုင်ငံများ၏ ကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အနေအထားများကို ဆွေးနွေးနိုင်ရန် အားခဲထားကြသည်။
Network for Democracy ၏ အမျိုးသမီးနာယက အဖွဲ့ဝင် ခင်ဥမ္မာက အာဆီယံညီလာခံသို့ တက်ရောက်မည့် CSOs ၏ ကိုယ်စားလှယ် အဖြစ် သူမအား ရွေးချယ်ထားသည်ဟု အတည်ပြုပြောကြားပါသည်။
မြန်မာအစိုးရက ၎င်း၏ ပြည်တွင်း NGO များမှ အဖွဲ့ဝင် ၁၅ ယောက် တက်ရောက်ရန် စီစဉ်ထားပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့အစည်းများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပါဝင်သည်ဟု သိရပါသည်။
မြန်မာအစိုးရသည် ၎င်းတို့၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကို ညီလာခံသို့ စေလွှတ်ရန် ရည်ရွယ်ထားသည်ဟု ဆိုပါသည်။
Asean People's Forum ကို တက်ရောက်ခဲ့သော ပြည်ပရောက်နိုင်ငံရေး လှုပ်ရှားသူ ကျော်လင်းဦးက ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာအစိုးရသည် ၎င်းတို့တွင် ပြည်သူများအား ကိုယ်စားပြုသော ကိုယ်စားလှယ်များရှိကြောင်းကို အမေရိကန်နှင့် ဥရောပသမဂ္ဂအား ပြသလိုခြင်း ဖြစ်ပြီး အမှန်တကယ် ကိုယ်စားပြုခြင်း ဟုတ်မဟုတ် မေးမြန်းစစ်ဆေးခံရမည်ကို ကြောက်ရွံ့နေပုံရသည်ဟု ပြောပါသည်။
လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်ကို ကျွမ်းကျင်စွာ ဆွေးနွေးနိုင်သူ Asean Human Rights Charter အဓွန့်ရှည်ရေးကို အထောက်အကူ ပြုနိုင်မည့်သူမျိုးကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား တိုက်တွန်းထားသည်။
ယခု အာဆီယံ ညီလာခံသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ပြည်ပရောက်နိုင်ငံရေး အဖွဲ့အစည်းများ တွေ့ဆုံနိုင်သည့် ပထမဆုံး အခမ်းအနားဖြစ်ပြီး မြန်မာဝန်ကြီးချုပ်သည် အခြားအာဆီယံ ကိုးနိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း အောက်တိုဘာ ၂၃ တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
အာဆီယံညီလာခံတွင် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တက်ရောက်ရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့ပါက နောက်ဆုံးကျင်းပမည့် အာဆီယံ အစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ဖေဖော်ဝါရီလက ခြိမ်းခြောက် ကန့်ကွက်ခဲ့ပါသည်။
ပြည်ပရောက် နိုင်ငံရေးအဖွဲ့ ၂ ဖွဲ့နှင့် ခင်ဥမ္မာတို့သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သော အဆိုပါ အစည်းအဝေးကို တက်ရောက်ခွင့်မရဘဲ တားမြစ်ခံခဲ့ရပါသည်။
ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်တွင် အမှန်တကယ် လှုပ်ရှားနေသူများကို ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကျန်နိုင်ငံများမှာမူ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ငြင်းပယ်ခဲ့ကြသည်။
AICHR ဆိုင်ရာ နိုင်ငံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းအတွက် CSO များက အာဆီယံနိုင်ငံများကို ဝေဖန်ခဲ့ပါသည်။
အာဆီယံက အဆက်မပြတ် ရှေ့သို့လှမ်းနေစဉ် မြန်မာနိုင်ငံက အခန်းထဲက ထွက်မရသော ဆင်ကြီးပမာ ကျန်နေခဲ့လိမ့်မည်ဟု ဟာသနှော၍ အလင်္ကာဆန်စွာ ပြောပြပါသည်။ အာဆီယံ၏ အချိန်မရွေး ဆောင်ရွက်နိုင်သော စိတ်ဓာတ်ခွန်အားကို အမှန်တကယ် အားနည်းသွားစေသည်ဟု Stothard က AP သို့ အင်္ဂါနေ့က ပြောခဲ့သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာအောင် အာဆီယံအနေဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိသည်မှာ ထင်ရှားကြောင်း၊ သို့ဖြစ်၍ မျှော်လင့်ချက်များစွာ မထားကြောင်း စသဖြင့် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဥာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ AP က ဖော်ပြခဲ့ပါသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 03:20:00 AM

0 comments:

Post a Comment