Transparency Myanmar

transparency.myanmar@gmail.com

ရန်ကုန်၊ အောက်တိုဘာ ၂၁
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံကြီးများ၏ ပိတ်ဆို့အရေးယူခြင်းကြောင့် အစိုးရပိုင်လေကြောင်းလိုင်းနှင့် အစိုးရ၏ ရှယ်ယာပါနေသော ပြည်တွင်းလေကြောင်းလိုင်း သုံးလိုင်းလုံး၏ လေယာဉ်အကြီးစာ ပြုပြင်မှုကို မလုပ်နိုင်ဘဲ ရှိရာ ကုလသမဂ္ဂဌာနအသီးသီးမှ ဝန်ထမ်းများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် သီးခြားကိုယ်ပိုင်လေယာဉ် ထားရှိရန် ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း ၃ လိုင်းလုံးသည် ATR လေယာဉ်များကို အများသုံးပုံစံ ပြုထားပြီး အစိုးရကို အခမဲ့ပေးထားရသော အစုရှယ်ယာများကြောင့် ထိုလေယာဉ်များ၏ ကြံ့ခိုင်ရေး၊ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ပြုပြင်ရေးများကို ပြင်သစ် ATR ကုမ္ပဏီက အသိအမှတ်ပြုထားသော ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲနေကြောင်း ယင်းကြောင့် လက်ပူတိုက်ကာ ပြေးဆွဲနေရခြင်း ဖြစ်ကြောင်းသိရသည်။
လေကြောင်းလိုင်းများကို နိုင်ငံတကာတွင် Grading များ သတ်မှတ်လေ့ရှိရာ မြန်မာနိုင်ငံရှိ အဲပုဂံ၊ အဲမန္တလေးနှင့် အဲရန်ကုန်လေကြောင်း (၃) လိုင်းလုံး (C) Grade သာ ရှိတော့သည်ဟု ဆိုသည်။ အစိုးရပိုင် မြန်မာ့လေကြောင်းမှာမူ အခြေအနေအဆိုးဆုံး ဖြစ်သည်ဟု ဆိုသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 05:01:00 AM

0 comments:

Post a Comment