Transparency Myanmar

transparency.myanmar@gmail.com

တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်ရေး

ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြု
12th Oct, 09 – Xinhua

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကဏ္ဍအသီးသီးတွင် ထိရောက်သော အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် နယ်ခြားဒေသများ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန် တနင်္လာနေ့က ကတိပြုခဲ့ကြသည်။
တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် Nanning တွင် တနင်္လာနေ့က ကျင်းပသော တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Li Keqiang နှင့် မြန်မာအစိုးရ SPDC အဖွဲ့အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့၏ အစည်းအဝေးတွင် ယင်းကဲ့သို့ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် အောက်တိုဘာ ၂၀ မှ ၂၄ ရက်အထိ ကျင်းပမည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဆင်နွှဲကြမည် ဖြစ်သည်။
တရုတ်အစိုးရသည် တရုတ်-မြန်မာ ဆက်ဆံရေး အနေအထားကို အထူးပင် အလေးထားခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ကူညီပံ့ပိုးသွားမည်ဟု Li က ပြောကြားခဲ့သည်။
တရုတ်နှင့် မြန်မာတို့သည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် အတူတကွ ကြိုးပမ်းသွားရမည် ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဟု 'Li' က ဆက်လက်ပြောကြားသည်။
ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက တရုတ်နိုင်ငံနှင့် ချစ်ကြည်စွာ ဆက်ဆံရေးကို မြန်မာနိုင်ငံက နားလည် လက်ခံပါကြောင်းနှင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ပါကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံသည် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်း ဆောင်ရွက်ရေးကို ထိရောက်စွာ ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိပြီး တရုတ်နိုင်ငံနှင့် ရေရှည် ဆက်ဆံသွားနိုင်ရန်အတွက် နယ်ခြားဒေသ တည်ငြိမ်ရေးကို စောင့်ရှောက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.









-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment