Transparency Myanmar

transparency.myanmar@gmail.com

တစ်နှစ်ရေနံစိမ်း တန်သန်း၂၅၀ ပို့လွှတ်နိုင်မည်ကီလိုမီတာ ၁၁၀၀ရှည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း 2013 အပြီးတည်ဆောက်မည်

(From Alexander's Gas and Oil Research Store)
26 - August 2009
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရေး အတွက် ပိုက်လိုင်းများတည်ဆောက်ရေးစီမံကိန်းများကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် စတင် ခဲ့ပါသည်။
၂၀၀၉ ခုနှစ် မတ်လတွင် မြန်မာနှင့်တရုတ်နိုင်ငံအစိုးချင်း သဘောတူထားသော စာချုပ် အရ ရေနံပိုက်လိုင်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုလုံး တပြိုင်နက် တည်ဆောက်သွားမည် ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ပိုက်လိုင်းနှစ်ခုစလုံးသည် မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဆိပ်ကမ်းမှ စတင်သွယ်တန်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော Ruili သို့ဝင်ရောက်မည်ဖြစ်ပါသည်။
ကျောက်ဖြူမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ယူနန်ပြည်နယ် မြို့တော်ကူမင်းသို့ သဘာဝဓာတ်ငွေ့များ ပို့ဆောင်မည်ဖြစ်သည်။ တည်ဆောက်မှုလုပ်ငန်းများသည် ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ မပို့လွှတ်မီ စုစုပေါင်းသိုလှောင်မည့်နေရာနှင့် ရေနံတင် သင်္ဘောများကပ်ရန် ဆိပ်ကမ်းကို ကျောက်ဖြူအနီးရှိ ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည် ဖြစ်ပြီး၊ နှစ်နိုင်ငံသဘောတူညီချက်အရ တည်ဆောက်မှုစရိတ်အားလုံးကို တရုတ်ဖက်မှ ကျခံမည် ဖြစ်ပါသည်။ 1100 km ရှည်သော ရေနံပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိက နိုင်ငံများမှ ရေနံစိမ်းတစ်နှစ်လျှင် မက်ထရစ်တန် သန်း၂၅၀ ပို့လွှတ်နိုင်မည်ဟု ခန့်မှန်းထားပါ သည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကူမင်းမှ Guizhou ပြည်နယ်နှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ စုစုပေါင်း 2806 ကီလိုမီတာ ထပ်မံတိုးချဲ့ဆွဲယူသွားမည် ဖြစ်ပါသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ 12 bn en (၁၂ ဘီလီယံကုဗမီတာ) ပို့လွှတ်နိုင်မည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းသည် နောက်ပိုင်းတွင် တရုတ်၏ဓာတ်ငွေ့ ၀ယ်ယူမှုကို တိုးချဲ့ လာမည်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း သဘာဝဓာတ်ငွေ့တစ်နှစ်လျှင် 100 bn cm (၁၀၀ ဘီလီယံ ကုဗမီတာ) အထိ တိုးချဲ့ဝယ်ယူမည်ဟု ခန့်မှန်းထားပါသည်။
ရေနံပိုက်လိုင်းသွယ်လိုက်ခြင်းဖြင့် ရေနံစိမ်းကို သင်္ဘောဖြင့်သယ်ယူခြင်းထက် ကီလိုမီတာ 1200 ခန့်ခရီးလမ်းကြောင်း ကျုံ့သွားမည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။ ပို၍အရေးကြီး သော အချက်မှာ တရုတ်၏ရေနံတင်သွင်းမှုအတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုရမှုကို သက်သာသွားစေမည်ဖြစ်သည်။
ယခုပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းခြင်းအတွက် စတုတ္ထလမ်းကြောင်းဖြစ်သည်။ ပထမလမ်းကြောင်းမှာ သင်္ဘောဖြင့်ရေနံစိမ်းတင်သွင်းခြင်း လမ်းကြောင်းဖြစ်ပြီး၊ ဒုတိယလမ်းကြောင်းမှာ တရုတ်-ကာဇက်စတန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ကာ တတိယလမ်းကြောင်းမှာ တရုတ်-ရုရှား ရေနံပိုက်လိုင်းတို့ဖြစ်ပါသည်ဟု အတွင်း လူတစ်ဦးက ပြောပါသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့တို့နှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာသူတစ်ဦး အဆိုအရ အဆိုပါသဘာဝဓာတ်ငွေ့များ၏ မူရင်းပိုင်ရှင်များဖြစ်သော ရခိုင်ဒေသမှ လူအများမှာမူ စစ်အစိုးရ၏ အလွဲသုံးစားပြုမှုများကြောင့် ဆင်းရဲမွဲတေမြဲဖြစ်လျက်ရှိပြီး၊ စစ်အစိုးရ၏ ထုံးစံအတိုင်း မည်သူမျှ မသိစေရဘဲ ရခိုင်ပြည်သူများကို နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း ဖိနှိပ်လျက်ရှိနေသည်ဟု သိရှိရပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.









-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment