Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာအစိုးရနှင့် အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် United Nations Economic and Social Commission for Asia and Pacific (UNESCAP) တို့ ပူးပေါင်း ကျင်းပသော ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် လာမည့် အင်္ဂါနေ့၌ ဖွင့်လှစ်မည် ဖြစ်ပါသည်။

          လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ESCAP တို့ ကမကထပြု ကျင်းပသော ယခု ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပြီး လက်ရှိ အလည်အပတ် ရောက်ရှိနေသော ကုလ အထွေထွေအတွင်းရေးမှူးချုပ် လက်အောက်ခံ ESCAP အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုလင်းဟေဇာနှင့် ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ဦးစိုးသာတို့ အပါအဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဟု အင်္ဂါနေ့ တရားဝင် သတင်းများတွင် ဖော်ပြပါသည်။

          တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော ဒေါက်တာနိုလင်းဟေဇာကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နေပြည်တော်တွင် တနင်္လာနေ့၌ လက်ခံ တွေ့ဆုံခဲ့သည်ဟု New Light of Myanmar သတင်းစာက ဖော်ပြပါသည်။

          အခြားသတင်းများအရ ESCAP က ဖိတ်ကြားခဲ့သော နိုဘယ်ဆုရှင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်သည် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကျေးလက်ဖွံ့ဖြိုးရေး မူဝါဒ အလေးပေး မဟာဗျူဟာနှင့် ပတ်သက်သော ဆွေးနွေးပွဲ ဖိုရမ်ကို တက်ရောက်လိမ့်မည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment