Transparency Myanmar

transparency.myanmar@gmail.com

japantoday.com, 15th Dec 2009

          ဒုက္ခသည်ဆိုင်ရာ အဆင့်အတန်း သတ်မှတ်မှု မရရှိဘဲ ခြွင်းချက်ဖြင့် ဂျပန်တွင် နေထိုင်ရန် ခွင့်ပြုထားသော မြန်မာ (၃၇) ဦးအဖွဲ့သည် ပိုမို စိတ်ချရမည့် နှစ်ရှည် နေထိုင်ခွင့် ရရှိရန် တိုကျိုဒေသ လူဝင်မှု ကြီးကြပ်ရေး ဗျူရိုသို့ တနင်္လာနေ့က လျှောက်ထားခဲ့ကြသည်ဟု ၎င်းတို့၏ ရှေ့နေများက ပြောကြားပါသည်။

          ရှေ့နေများ၏ အစိုးရ တိုကျို၊ ဂန်မ၊ ဆိုင်တာမနှင့် ဦးဘ အုပ်ချုပ်ရေး ဒေသများတွင် နေထိုင်သော မိသားစု (၂၂) စုမှ မြန်မာ (၃၇) ဦးသည် နှစ်ရှည် နေထိုင်ခွင့်အတွက် လျှောက်ထားခဲ့ကြခြင်း၏ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲသွားပါက ၎င်းတို့၏ လက်ရှိ နေထိုင်ခွင့်ကို သက်တမ်းတိုး၍ မရနိုင်သောကြောင့် ဖြစ်သည်ဟု သိရပါသည်။ ထို့အပြင် ၎င်းတို့၏ လက်ရှိ နေထိုင်ခွင့် အဆင့်အတန်းမှာ မြန်မာနိုင်ငံမှ မိသားစုဝင်များကို ခေါ်ယူခွင့် မရသလို လူမှု ထောက်ပံ့ကြေးများလည်း မရရှိဟု ဆိုပါသည်။

          ယခုနှစ်တွင် လျှောက်ထားသူများ၏ (၂၀%) ထက် မပိုသော အရေအတွက်သာလျှင် နှစ်ရှည် နေထိုင်ရန် ခွင့်ပြုချက် ရရှိလိမ့်မည်ဟု ရှေ့နေအဖွဲ့၏ လေ့လာမှုများအရ သိရှိရပြီး ယခုကဲ့သို့ လျှောက်လွှာတင်သူများထဲမှ အမျိုးသားတစ်ဦးသည် ၎င်း၏ မိသားစုဝင်များကို မခေါ်ယူနိုင်သောကြောင့် ဧပြီလက မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခဲ့သည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment