Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) ၏အဆိုအရ မြန်မာနိုင်ငံ အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည် ခေါင်းထောင် လာကြောင်း သိရသည်။

ကုလသမဂ္ဂက စစ်တမ်းတစ်ရပ် ပြုလုပ်ရာ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုမှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည် ဟု ဆိုသည်။ UNODC ကမြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုသည် သုံးနှစ်အတွင်း မြင့်တက်လာသည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးပင်များ စိုက်ပျိုးမှုအပေါ် မှီခိုနေရခြင်းအား ပယ်ဖျောက် နိုင်အောင် ကြိုးပမ်းရာတွင် ယခုကဲ့သို့ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာ ခြင်းမှာ ပြဿနာတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ ပြည်တွင်းရှိ စိုက်ပျိုး မြေဧက ၃၁၀၀၀ ဟက်တာခန့်မှာ ယခုအခါ ဘိန်းပင်များ စိုက်ပျိုးလျက် ရှိသည်ကို တွေ့ရကြောင်း၊ ယမန်နှစ်ကထက် ၁၁ ရာခိုင်နှုန်းခန့် မြင့်တက် လာကြောင်း UNODC ကဆိုသည်။

ယခု ကိစ္စသည် ၁၉၉၀ ပြည့်နှစ် ကာလများနှင့် များစွာ ခြားနားခြင်း မရှိပေ။ ထိုစဉ်က မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ သည်။ UNODC မှအကြီးအကဲ Antonio Maria Costa က "အခုပုံစံက လမ်းလွဲဘက်ကို ရောက်နေတဲ့ သဘောပါပဲ" ဟုပြောကြားသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် တည်ငြိမ် အေးချမ်းမှု မရှိသလို ဘိန်း စိုက်ပျိုးမှုများ လည်း မြင့်တက်လျက် ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မူယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုမှ ရရှိသော အမြတ်အစွန်းဖြင့် စစ်လက်နက်များ ဝယ်ယူနေခြင်း ဖြစ်ကြောင်း ၎င်းကပြောပါသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း အက်ဖက်တမင်း ကဲ့သို့သော မူးယစ်ဆေးဝါး မျိုးများ အဓိက ထုတ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်လာနိုင်သည် ဟု UNODC က သတိပေးသည်။

အရှေ့တောင် အာရှဒေသတွင်း နိုင်ငံအစိုးရများ၊ အလှူရှင်များ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင်သွားရန် လိုအပ်သည် ဟုလည်း Antonio Maria Costa က တိုက်တွန်း ပြောကြားသည်။

BBC သတင်းဌာနမှ Burma opium production up again ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment