Transparency Myanmar

transparency.myanmar@gmail.com

The Nation,By Petchanet Pratruangkrai,15 Dec 2009

          မြန်မာနိုင်ငံနှင့် နယ်စပ် ဖြတ်ကျော် ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရသည် လာမည့်နှစ်တွင် နယ်စပ် စစ်ဆေးရေးစခန်း လေးခု ထပ်မံ ဖွင့်လှစ်၍ ကူညီ ထောက်ပံ့ပေး သွားမည် ဖြစ်ပါသည်။

၎င်းတို့မှာ ရှမ်းပြည်နယ် Huag Ton Nung မယ်ဟောင်ဆိုင်တွင် တစ်ခု၊ ထားဝယ် Ban Nam Khao၊ ကချာနာဘူရီတွင် တစ်ခု၊ ဘုရားသုံးဆူတွင် ဘုရားသုံးဆူစခန်း၊ ကချာဘူရီတွင် တစ်ခု၊ မိုင်းအိုက်တွင် Dan Singkhon၊ Prachuap တွင် တစ်ခုတို့ ဖြစ်ပါသည်။

ကူးသန်းရောင်းဝယ်ရေးဌာန ဒုဝန်ကြီး Alongkorn Ponlaboot က ယမန်နေ့က ပြောကြားရာတွင် ထိုင်းအစိုးရသည် အဆိုပါ နယ်စပ် စစ်ဆေးရေး စခန်းများကို တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်လှစ်သွားမည် ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

ယခု လောလောဆယ်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် နယ်စပ် စစ်ဆေးရေးစခန်း သုံးခုသာ ရှိပါသည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် Alongkorn က ပြောကြားရာတွင် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံနှင့် Tak's Mae Sot ဆက်သွယ်သည့် ချစ်ကြည်ရေးတံတား တည်ဆောက်ရေးအတွက် အကူအညီများပေးရန် သဘောတူပြီး ဖြစ်သည်ဟု ဆိုပါသည်။

နှစ်နိုင်ငံစလုံးက မကြာခင် ဆပ်ကော်မတီ ဖွဲ့စည်း၍ တံတားတည်ဆောက်မည့် နေရာ အတိအကျ သတ်မှတ်၍ ဆောက်လုပ်ရေးအတွက် ဇယား ရေးဆွဲသွားလိမ့်မည်ဟု ဒုဝန်ကြီးက ပြောပါသည်။

ထိုင်းကုန်သည်ကြီများ အသင်းမှ နယ်စပ်ကုန်သွယ်ရေး ကော်မတီ ဥက္ကဌ Niyom Wairatpanij က ပြောကြားရာတွင် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းအတွက် ပံ့ပိုးပေးမည့် နယ်စပ် စစ်ဆေးရေးစခန်းများ ပိုမိုဖွင့်လှစ်ပေးခြင်းကို ထိုင်းကုန်သည်များကို အားတက်လျက် ရှိကြကြောင်း ပြောပါသည်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) သည် လာမည့်နှစ် အစောပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်တော့မည် ဖြစ်ရာ အာဆီယံပစ္စည်း အတော်များများအား အခွန်ကောက်ခြင်းကို ဖယ်ရှားတော့မည် ဖြစ်ကြောင်း၊ စစ်ဆေးရေးစခန်းများ ပိုမို ဖွင့်လှစ်ခြင်းဖြင့် ထိုင်းကုန်သည်များအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း Niyom က ပြောပါသည်။

ထိုင်း ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များနှင့် ကဏ္ဍခုနစ်ရပ် စီမံကိန်း ပိုမို အားကောင်း လာစေမည့် မိုက်ခရို စီမံကိန်း (Micro Action Plan) များကို ဆွေးနွေးပြီးနောက်၊ ဒုတိယဝန်ကြီးက အစိုးရသည် အပြည့်အဝ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စီမံကိန်းကို ပံ့ပိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် Joint Public - Private Committee on Commerce ကို တည်ထောင်ရန် ထိုင်းကုန်သည်ကြီးများအသင်း (TCC) နှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့ သဘောတူပြီး ဖြစ်ကြောင်း သိရှိရပါသည်။

TCC သည် ပြီးခဲ့သည့်လက Micro Action Plan ကို စတင် ချမှတ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် တစုတစည်းထဲ ဖြစ်လာမည့် အာဆီယံ ဈေးကွက်ကြီးတွင် ပြိုင်ဆိုင်မှု ခက်ခဲလာမည် ဖြစ်၍ ထိုင်းပစ္စည်းများ အရည်အသွေးမြင့် ထုတ်လုပ်ရေးနှင့် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ စီမံကိန်းကို ချမှတ်ခဲ့ပါသည်။

ကဏ္ဍခုနစ်ရပ်မှာ စိုက်ပျိုးရေး၊ ကျောက်မျက်ရတနာ၊ အထည်အလိပ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ ခရီးသွားလာရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့ ဖြစ်ကြပါသည်။

TCC ဒုဥက္ကဌ Komson Opassathavorn က TCC သည် အဆိုပါ Plan ကို ထိုင်းဝန်ကြီးချုပ် Abhisit ထံ မနက်ဖြန် တင်ပြဆွေးနွေးမည် ဖြစ်ပြီး၊ အစိုးရ၏ အကူအညီ အထောက်အပံ့ အပြည့်အဝ ရရှိလိမ့်မည်ဟု ထင်ကြောင်း ပြောကြားသွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment