Transparency Myanmar

transparency.myanmar@gmail.com

CNN News, 20th Dec, 2009

          အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံ တို့အကြား နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး အားပေး မြှင့်တင်ရန်အတွက် ရူပီးငွေ သိန်းပေါင်း ၆၅၀ ကုန်ကျမည့် ဖီဇိုရမ်မှ မြန်မာနယ်စပ်သို့ ဆက်သွယ်သော ကီလိုမီတာ ၁၀၀ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို အိန္ဒိယ အစိုးရက အတည်ပြုပေးလိုက်ပါသည်။

          အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး Brahm Dutt ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော သြဇာကြီး ကော်မတီက အဝေးပြေးလမ်း တည်ဆောက်ရေး အဆိုပြုချက်ကို လက်ခံ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် မီဇိုရမ်ပြည်နယ် လောင်တာလိုင်းမှ စတင်၍ မြန်မာနယ်စပ်အထိ ဖောက်လုပ်မည် ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်း ဝန်ဆောင်မှုများ ပြုလုပ်ရန် အဆိုပြုထားသည့် မြန်မာနိုင်ငံ စစ်တွေမြို့နှင့်လည်း နောင်တွင် ဆက်သွယ်နိုင်လိမ့်မည်ဟု အစိုးရ ကြေညာချက်တွင် ဖော်ပြထားပါသည်။

          စစ်တွေတွင် တည်ဆောက်မည့် ဘင်္ဂလား ပင်လယ်အော် ဆိပ်ကမ်းသည် အိန္ဒိယ အရှေ့မြောက် ဒေသ တစ်ခုလုံးအတွက် မီဇိုရမ်ကို ဖြတ်သန်းကာ ရေလမ်းကြောင်း ထွက်ပေါက်အဖြစ် အထောက်အပံ့ ပြုမည် ဖြစ်ပါသည်။ သယ်ယူ ပို့ဆောင်ရေး ကော်မတီက လက်ခံ အတည်ပြုခဲ့သည့် အဝေးပြေးလမ်း စီမံကိန်းနှင့် ဆိပ်ကမ်း ဝန်ဆောင်မှု စီမံကိန်းသည် သယ်ယူ ပို့ဆောင်စရိတ်ကို လျှော့ချနိုင်ခြင်းဖြင့် ဒေသတွင်း ပြိုင်ဆိုင်နိုင်မှုကို တိုးတက်စေလိမ့်မည်ဟု အစိုးရ အစီရင်ခံစာတွင် ဖော်ပြပါသည်။

          ယခု လမ်းမကြီးသည် နောက်ဆုံးတွင် မြန်မာနိုင်ငံတွင်းရှိ အဝေးလမ်းနှင့် သွားရောက် ပူးပေါင်းနိုင်မည် ဖြစ်ပြီး လောလောဆယ်တွင် မိမိတို့ အာဏာပိုင်သည် နယ်မြေတွင်း တည်ဆောင်နေခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အစပျိုး ဝင်ရောက်မှုများနှင့် နီးစပ်မှု ရရှိနေသော မြန်မာအစိုးရ၏ ထောက်ခံ ကြိုဆိုမှုကို ရရှိရန်အတွက် ဗဟိုအစိုးရ၏ သံတမန်ဆိုင်ရာ ကြိုးပမ်း အားထုတ်မှု တစ်ခုအဖြစ် တွေ့မြင်နိုင်ပါသည်ဟု ဝန်ကြီးဌာန ဝါရင့်အရာရှိ တစ်ဦးက ပြောကြားပါသည်။

          စစ်တွေဆိပ်ကမ်းကို မီဇိုရမ်ပြည်နယ်က အရေးကြီးသည်ဟု ယူဆနေသော မျှော်လင့်ချက် တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။ မီဇိုရမ်၏ ထွက်ကုန် ဝါးပင်များနှင့် မြန်မာ့သစ်တော ထွက်ကုန်များ အတွက် အဓိက ကုန်သွယ်ရေး ဗဟိုချက်အဖြစ် စစ်တွေဆိပ်ကမ်း ဖွံ့ဖြိုးအောင် အိန္ဒိယက ဆောင်ရွက်မည် ဖြစ်သည်။ ရေလမ်းကြောင်း ၂၂၅ ကီလိုမီတာ အပြင် အဓိက အစီအစဉ် ဖြစ်သော လမ်းမ ၂ ခုကို ဖောက်လုပ်ရန် ရည်မှန်းထားပါသည်။ (NH.54) မှ နယ်စပ်အထိ ၁၁၇ ကီလိုမီတာ ရှည်သော လမ်းပိုင်း နှင့် နယ်စပ်မှ ကလွတ်ဝထိ ၅၂ ကီလိုမီတာ ရှည်သော လမ်းပိုင်းတို့ ဖြစ်ပါသည်။

          သတင်းများအရ စစ်တွေ၊ ကာလကတ္တားနှင့် ဗီဆာခါ ပါတနမ်တို့အကြား ပင်လယ် ရေလမ်းကြောင်းကိုလည်း တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ဦးမည်ဟု သိရပါသည်။ စစ်တွေဆိပ်ကမ်းသည် အရှေ့တောင် အာရှဒေသသို့ ထွက်ပေါက်တစ်ခုအဖြစ် အသုံးဝင်မည့်အပြင် အရှေ့မြောက်ဒေသသို့ ရေနံနှင့် ဓာတ်ငွေ့ အဓိက ဖြန့်ဝေသည့် ဗဟိုပွိုင့် တစ်ခုလည်း ဖြစ်လာလိမ့်မည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment