Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 13th January 2010

          လာမည့်နှစ် ရွေးကောက်ပွဲ အပါအဝင် စိန်ခေါ်မှု အသစ်များအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၎င်း၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

          တနင်္လာနေ့က ရန်ကုန်မြို့ရှိ NLD ဌာနချုပ်တွင် ကျင်းပသော CEC အစည်းအဝေးတွင် လက်ရှိ အဖွဲ့ယင် ၁၁ ဦးပါ ကော်မတီကို ထပ်မံ ဝင်ရောက်လာမည့် ကော်မတီဝင် သစ် ၉ ဦး၏ အမည်ကို တင်သွင်းခဲ့ကြသည်။

          အသက် ၆၀ မှ ၇၀ ကျော် CEC အဖွဲ့ဝင် သစ်များနှင့် ပတ်သက်၍ အသေးစိတ် မသိရှိ ရသေးသော်လည်း လာမည့် အပတ်အတွင်း ကြေညာပါလိမ့်မည်။ လတ်တလောတွင် အဖွဲ့ဝင်သစ်များ အားလုံးသည် NLD ဗဟို လုပ်ငန်း ကော်မတီတွင် တာဝန် ထမ်းဆောင်၍ CEC ကို ကူညီ ဆောင်ရွက်လျက် ရှိပါသည်။

          NLD သတင်း ရပ်ကွက်မှ ခန့်မှန်းထားသော CEC အဖွဲ့ဝင် သစ်များ၏ အမည်စာရင်းတွင် ဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးသန်းငြိမ်း၊ ဦးသိန်းညွှန့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဦးဝင်းနိုင်တို့ ပါဝင်ပါသည်။ ၎င်းတို့ အားလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲ ရလဒ်ကို စစ်ဖက် အစိုးရက အသိ အမှတ်ပြုခြင်း မရှိခဲ့ပါသည်။

          "ရွေးကောက်ပွဲ မဝင်ဘူးလို့ ပါတီက ဆုံးဖြတ် ရွေးချယ်ခဲ့ရင်တောင် ရွေးကောက်ပွဲ အကြိုနဲ့ အလွန် ကာလအတွက် ကျွန်တော်တို့ ပြင်ဆင်ထားမှာပါ" ဟု ထင်ရှားသော NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောကြားပါသည်။ ဗဟို ကော်မတီဝင် အသစ်များနှင့် တိုးချဲ့ ဖွဲ့စည်းထားသော NLD ခေါင်းဆောင်ပိုင်းသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကျပ်အတည်းများ စိန်ခေါ်မှုများကို ပို၍ ထိထိ ရောက်ရောက် ဖြေရှင်း ဆောင်ရွက်လိမ့်မည်ဟုလည်း ၎င်းက ဆိုပါသည်။

          အထက်ပါ ထင်မြင်ချက်များသည် တာဝန် အပြည့်အဝ ထမ်းဆောင်ခြင်း မပြုနိုင်တော့သည့် NLD ဘုတ် အဖွဲ့ဝင်များကို အင်အား ဖြည့်တင်းရန် ဆောင်ရွက်နေသည့် လက်ရှိ CEC ဘုတ်အဖွဲ့ကို အားပေး ထောက်ခံလိုက်ခြင်း ဖြစ်သည်။ NLD သတင်းနှင့် ပြန်ကြားရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်သော ဟံသာမြင့်နှင့် ဦးဥာဏ်ဝင်းတို့မှာ လူသိများသူများ ဖြစ်၍ ဦးအုန်းကြိုင်မှာမူ NLD ကယ်ဆယ်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်ပါသည်။

          NLD လူငယ်ပိုင်း သတင်းရပ်ကွက်၏ အဆိုအရ ကျန်းမာရေး မကောင်းသော NLD ဥက္ကဋ္ဌ ဦးအောင်ရွှေသည် CEC အဖွဲ့ဝင်သစ်များ ရွေးချယ်ရာတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့သည်ဟု သိရပါသည်။ ဦးထွန်းထွန်းဟိန်းနှင့် ဦးဝင်းမြင့်တို့သည် ၎င်း၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဘက် တပည့်များ ဖြစ်သည်ဟု ဆိုပါသည်။

          NLD ပါတီသည် ခေါင်းဆောင်ပိုင်းကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီးနောက် တိုင်းနှင့် ပြည်နယ်၊ မြို့နယ်အဆင့်များကိုလည်း ပြန်လည် ဖွဲ့စည်းမည်ဟု ဦးဝင်းတင်က ပြောကြားပါသည်။ သို့ရာတွင် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရသော ရန်ကုန်ပြည်ပမှ ဒေသရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့်ကို စစ်ဖက်အစိုး ရက တားမြစ်ဖွယ် ရှိသည်ဟုလည်း ၎င်းက ပြောပါသည်။

          ၁၉၉၀ ခုနှစ်များ၏ အစောပိုင်းတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်ပိုင်းကို ပြင် ဆင်ဖွဲ့စည်းခွင့် မပြုဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါသည်။  ထိန်းသိမ်းနေရသူများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ကိုလည်း ပါတီ ခေါင်းဆောင် နေရာမှ ဖယ်ရှားရန် အစိုးရက ဖိအားပေးခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့သည် ၁၉၉၅ ဖမ်းဆီးခံရမှုမှ ပြန်လွတ်လာချိန်တွင် CEC ၌ ပြန်လည် ခန့်အပ်ခြင်း ခံကြရပြီး ဦးဝင်းတင်နှင့် ဦးခင်အောင်ဆွေတို့သည်လည်း ၂၀၀၈ နှောင်းပိုင်းတွင် ထောင်မှ လွတ်လာပြီး ၂၀၀၉ တွင် CEC အဖွဲ့ဝင်များအဖြစ် ပြန်လည် တင်မြှောက်ခံရပါသည်။

          ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုပါက ပါတီ ဖျက်သိမ်းခံရနိုင်သော အချက်သည် ယခုနှစ် NLD ရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ NLD ပါဝင် ယှဉ်ပြိုင်မှသာလျှင် တိုင်းပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်တွင် ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာ တက်လာမည် ဖြစ်သည်။

          လက်ရှိ အနေအထားတွင် NLD ပါတီသည် ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆုပ်ကိုင် ရပ်တည်လျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်၊ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ရန်၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန် စသော အချက်များကို တောင်းဆိုထားပါသည်။ သို့သော်လည်း သင်ြ့မတ် လျှော်ကန်သော အခြေအနေများ မရရှိ သေးစေကာမူ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ရန် နည်းလမ်း အဖြေတစ်ခုကို တွေ့ရှိ နိုင်သေးသည်ဟု အကဲခတ် လေ့လာရေးသမား များစွာက ယုံကြည်နေကြပါသည်။

          ရွေးကောက်ပွဲ ဥပဒေကို ယခုတိုင် ထုတ်ပြန် ကြေညာခြင်း မပြုသေးသည့်အတွက် NLD အနေဖြင့် ရွေးကောက်ပွဲဝင် / မဝင်ကို ပြောကြားရန် စောလွန်းနေသေးသည်ဟု ဦးဝင်းတင်က ဆိုပါသည်။

          လူငယ်ပိုင်း ပါတီဝင်များ ပိုမို ပါဝင်နိုင်ရန် မျှော်လင့်ထားကြသော နိုင်ငံရေး အကဲခတ်အချို့ကို ယခု CEC ပြန်လည် ဖွဲ့စည်းမှုက စိတ်ပျက် အားလျော့စေပါသည်။

          NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ ပြန်လည် ပြင်ဆင် ဖွဲ့စည်းရာတွင် ထိပ်ပိုင်းအဆင့်မှသာ ရွေးချယ်ခြင်းထက် အောက်ခြေအဆင့်မှ အစွမ်းအစ ရှိသော ခါင်းဆောင်များကို ရွေးချယ်ရန် မိမိတို့ မျှော်လင့်ထားသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပြီး အောက်ခြေအဆင့်မှ ခေါင်းဆောင်များမှာ ယခုတိုင် စင်တော် ကောက် မခံရသေးဟု ၎င်းက မှတ်ချက် ပေးပါသည်။

          ၂၀၁၀ သည် မြန်မာ နိုင်ငံသားများအတွက် လုံးဝ အရေးကြီးသည်နှင့်အညီ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD အနေဖြင့် ပို၍ တာဝန် ပိုရှိကြောင်း၊ NLD ပါတီအနေဖြင့် ပိုမို တက်ကြွသော ကဏ္ဍမှ ပါဝင်ရန် အချိန် ရောက်နေပြီ ဖြစ်ကြောင်း အဆိုပါ တိုင်းရင်းသား ခေါင်းဆောင်က သုံးသပ် ပြောကြား လိုက်ပါသည်။

0 comments:

Post a Comment