Transparency Myanmar

transparency.myanmar@gmail.com

(Office of the Spokesman) Washington. DC, 12th January 2010

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဟိုနိုလူလူရှိ East – West Center တွင် ယနေ့ မူဝါဒနှင့် ပတ်သက်သော မိန့်ခွန်း ပြောကြားခဲ့ပြီး အာရှ နှင့် ပစိဖိတ်တွင် အမေရိကန်၏ ပြန်လည် ဆန်းသစ်သော ဆက်ဆံရေးနှင့် ခေါင်းဆောင်မှု ပြုလုပ်သော နှစ်အဖြစ် ထည့်သွင်း ပြောကြားခဲ့ပါသည်။

သမ္မတ Obama ရော နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်ပါ အဆိုပါ ဒေသသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးသည် အစဉ်အလာကို ချိုးဖောက်ပြီး အာရှသို့ သူမ၏ ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် သွားရောက်ခဲ့ပါသည်။

ယခု ရက်သတ္တပတ် အကုန်တွင် ယခင်က အစဉ်အလာ မရှိဘဲ သူမ၏ တစ်နှစ် သက်တမ်းအတွင်း အာရှဒေသသို့ ခရီးစဉ်လေးခု သွားရောက်ရန် ရှိပြီး အရှေ့မြောက်အာရှမှ အရှေ့တောင် အာရှသို့ လည်းကောင်း၊ တရုတ်၊ အိန္ဒိယမှ ပစိဖိတ်ကျွန်းများသို့ လည်းကောင်း၊ သြစတေးလျနှင့် နယူးဇီလန်တို့သို့ သွားရောက်ပြီး နိုင်ငံ ခေါင်းဆောင်များ၊ ဒေသတွင်းရှိ လူများကို တွေ့ဆုံမည် ဖြစ်ပါသည်။ သမ္မတ Obama သည်လည်း အာရှသို့ သမိုင်းဝင် ခရီး သွားရောက်ခဲ့ပြီး အာရှ ပစိဖိတ် ဒေသတွင် ချစ်ကြည်ရေးကို သေချာစေခဲ့ပါသည်။

ချစ်ကြည်ရေး နှင့် မဟာမိတ်ကို တိုးတက်စေခြင်း

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တာဝန်ယူသည့် ပထမနှစ်မှာပင် ဒေသတွင်းရှိ အမေရိကန်နှင့် မဟာမိတ် စာချုပ် ချုပ်ထားသော ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ယခု သြစတြေးလျသို့ သွားရောက်ခဲ့ပါသည်။

သူမသည် ဒေသတွင်း နိုင်ငံအားလုံးနှင့် အဆက်မပြတ် ထိတွေ့အောင် ပြုလုပ်ခဲ့ပြီး၊ ဝါရှင်တန်ရှိ နိုင်ငံခြားရေးဌာန အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ကိုပင်ဟေဂင်မှ ရာသီဥတု ညီလာခံ အဆုံး အဆက်မပြတ် ထိတွေ့အောင် ပြုလုပ်ခဲ့ပါသည်။ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် အကြံဥာဏ် ပေးခြင်းတို့ကို အခြေခံ၍ ပါတနာရှစ် (Partnership) ကို ပိုမို ခိုင်မာစေခဲ့ပါသည်။

တရုတ် နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ပြောကြားခြင်း

          နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နှင့် Geithner တို့သည် ပထမ အကြိမ် အမေရိကန် - တရုတ် မဟာဗျူဟာနှင့် စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကျယ်ပြန့်ပြီး လေးနက်သော အပြန်အလှန် ဆက်ဆံရေး ထူထောင်ရန် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးကြမည် ဖြစ်သည်။ ၎င်းတို့သည် ယခု နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ယခု ထူထောင်ထားသော ပူးပေါင်း ဆောင်ရွက်မှု အတွက် ဒုတိယ အကြိမ် ဆွေးနွေးကြမည် ဖြစ်ပါသည်။

အမေရိကန် - အိန္ဒိယ ဆက်ဆံရေးကို ပိုမို ခိုင်မာစေခြင်း

          သမ္မတ Obama သည် အမေရိကန် - အိန္ဒိယ ဆက်ဆံရေး၏ အရေးကြီးပုံကို အချက်ပေးခဲ့ရာ အိန္ဒိယ ဝန်ကြီးချုပ် ဆင်းကို ပထမဆုံး ခရီးစဉ် အဖြစ် ဖိတ်ကြားခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီး Cliton သည် အိန္ဒိယသို့ ဦးစွာ သွားရောက်ခဲ့ပြီး၊ ပြင်ပရေးရာ ဝန်ကြီး Krishna နှင့်အတူ အမေရိကန် - အိန္ဒိယ မဟာဗျူဟာ တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ခဲ့သည်။ အဓိက စိမ်ခေါ်မှုများ ဖြစ်သော ရာသီဥတု ပြောင်းလဲမှု၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ လုပ်ကိုင်သွားရန် ဆွေးနွေးခဲ့ပါသည်။

အရှေ့တောင်အာရှ နှင့် ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်ခြင်း

          နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်သည် အရှေ့တောင် အာရှနိုင်ငံများနှင့် လုပ်ဖော်ကိုင်ဘက် အဖြစ် ပိုမို ခိုင်မာစေရန် အာဆီယံနှင့် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ အာဆီယံဆိုင်ရာ ဂျကာတာ အခြေစိုက် အမေရိကန် မစ်ရှင်တစ်ခု ထူထောင်ရန် ကတိပြုခဲ့ပြီး၊ ပထမဆုံးအကြိမ် အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေး ပြုလုပ်နိုင်ခဲ့ပါသည်။

          သူမသည် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်တို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံပြီး Lower Mekong Initiative ကို စတင်ရန် ဆွေးနွေးခဲ့သည်။ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအတွက် နိုင်ငံစုံ ဆက်ဆံရေးကို ပိုမို လေးနက်စေရန် ဖြစ်ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး အနေဖြင့် ပထမဆုံး ခရီးစဉ်တွင် အင်ဒိုနီးရှားနှင့် အရေးကိစ္စ အားလုံးအတွက် လုပ်ဖော်ကိုင်ဘက် (Comprehensive Partnership) ကို ထူထောင်ရန် ကြေညာခဲ့ပြီး ကမ္ဘာပေါ်တွင် မူဆလင် ဦးရေ အများဆုံးရှိသော နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ချဲ့ထွင်နိုင်ခဲ့ပါသည်။

မြောက်ကိုရီးယားတွင် နျူကလီးယား ပြန့်ပွားလာမှုအား ကန့်သတ်ခြင်း

          သမ္မတ Obama နှင့် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်တို့သည် ဒေသတွင်းရှိ ပလေယာများ နှင့်အတူ တင်းကြပ်သော ဆက်ဆံရေးဖြင့် မြောက်ကိုရိးယား၏ နျူကလီးယား အစီအစဉ်များအား ကန့်သတ်ရန် ကြိုးစားခဲ့ပါသည်။

          ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အား ချမှတ်ခြင်း၊ မြောက်ကိုရီးယား အပေါ် အရေးယူမှုများ ပိုမို ပြင်းထန်စေခြင်းဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စံများကို မလိုက်နာပါက ခံစားရမည့် အကျိုးဆက်များကို သက်သေပြခဲ့ပါသည်။

အစိုးရများကို ကျော်လွန်၍ ဆက်ဆံခြင်းများ

          Obama အစိုးရသည် ဒေသတွင်းရှိ ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။ သမ္မတ Obama သည် ရှန်ဟဲမြို့ မြို့တော်ခန်းမတွင် ကျောင်းသားများအား လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

          နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်သည် မွန်ဘိုင်းတွင် စီးပွားရေး ခေါင်းဆောင်များနှင့် လည်းကောင်း၊ ဆိုးလ်တွင် ကျောင်းသားများနှင့် လည်းကောင်း၊ မနီလာတွင် လူမှု အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် လည်းကောင်း၊ ဂျကာတာတွင် အမျိုးသမီးများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။

          ၂၀၁၀ ရှန်ဟဲ ကုန်စည်ပြပွဲရှိ အမေရိကန် ပြခန်းသို့ လာရောက်ခြင်းသည် အသစ် ဖြစ်ပေါ်မှုများတွင် အမေရိကန်က ဦးဆောင်မှု ပြုမည် ဖြစ်ကြောင်း သတိပြုမှုအား မီးမောင်းထိုးပြခဲ့ပါသည်။ သူမသည် အင်ဒိုနီးရှားတွင် "The Awesome Show" (အထူးအဆန်း ပြပွဲ) သို့ပင် လာရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံခြင်း

          နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ Obama အစိုးရသည် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ဆက်ဆံရေးကို ဖွင့်လှစ်ခဲ့ပါသည်။

          အစိုးရနှင့် သာမက နိုင်ငံရေးတွင် ပါဝင် ပတ်သက်သူ အားလုံးနှင့် ဆက်ဆံခဲ့ပြီး ငြိမ်းချမ်းပြီး တည်ငြိမ်သော၊ စုစည်း ညီညွတ်သော ဒီမိုကရက်တစ်နိုင်ငံ အနေဖြင့် တိုင်းသူပြည်သားများ၏ ရပိုင်ခွင့်များကို လေးစား လိုက်နာသော တိုင်းပြည် ဖြစ်ရေးအတွက် တွန်းအား ပေးခဲ့ပါသည်။

          ကလင်တန်သည် အာဆီယံ မဟာမိတ်များနှင့် လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများနှင့် လည်းကောင်း အစည်းအဝေးတွင် ပါဝင်၍ မြန်မာ့အရေးကို ကြိုးစားပေးခဲ့ပါသည်။ ထို့အပြင် သူမသည် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကို မြန်မာနိုင်ငံသို့ နှစ်များစွာအတွင်း အမြင့်ဆုံး အမေရိကန် ကိုယ်စားလှယ် အဖွဲ့အဖြစ် စေလွှတ်ခဲ့ရာ လက်တွေ့ကျသော ဆက်ဆံရေးတွင် အရေးပါသော ခြေလှမ်းကို စတင်နိုင်ခဲ့ပါသည်။

နိုင်ငံပေါင်းစုံ နှင့် ဆက်ဆံခြင်းဖြင့် ဘုံ တူညီသော အရေးကိစ္စများ ရှာဖွေခြင်း

          နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်သည် အာဆီယံ ဒေသတွင်း ဝန်ကြီးအဆင့် ဖိုရမ်နှင့် အစည်းအဝေးအပြီး ဝန်ကြီးအဆင့် ကွန်ဖရင့်သို့ တက်ရောက်ရန် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့ပါသည်။ သမ္မတ Obama နှင့် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်တို့သည် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များနှင့် ဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန် ပြည်ထောင်စု ကိုယ်စား တက်ရောက်ပြီး၊ အဖွဲ့ဝင် (၂၁) နိုင်ငံ ခေါင်းဆောင်များနှင့်အတူ စီးပွားရေး တိုးတက်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အာရှ-ပစိဖိတ်ဒေသတွင်း တိုးတက်စေရန် ပူးပေါင်း အဖြေရှာခဲ့ပါသည်။     

0 comments:

Post a Comment