Transparency Myanmar

transparency.myanmar@gmail.com

Asianage.com, 14th January 2010

          မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသော ယူနန်ပြည်နယ်တွင် ခိုအောင်းနေသည်ဟု ပြောကြား နေကြသော ပုန်းရှောင်နေသော Ulfa သူပုန် ခေါင်းဆောင် ပါရတ်ရှ်ဘာရူးကို အိန္ဒိယ အာဏာပိုင်များက ခြေရာခံ ဖမ်းဆီးရန် ကြိုးစားနေခြင်းအား ပူးပေါင်း ဆောင်ရွက်ရန် တရုတ်က ငြင်းပယ်လိုက်ပါသည်။

တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက် အတွင်းတွင် Ulfa သူပုန်များ ရှိသည် ဆိုသော အချက်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့မှုနှင့် ပတ်သက်၍ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနမှ လုံခြုံရေး အာဏာပိုင်များက သတင်းထောက်များအား ပြောကြားရာတွင် Ulfa သူပုန် ခေါင်းဆောင် ပါရတ်ဘာရူးသည် Ulfa ကေဒါ ၈ ယောက် ၁၀ ယောက် အုပ်စုလေးနှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရှိနေကြောင်း ထင်ရှားသော သက်သေ အထောက်အထားများ ၎င်းတို့ ရရှိ ထားသည်ဟု ဆိုပါသည်။

          ယခု ကိစ္စကို တရုတ်နှင့် အိန္ဒိယ အာဏာပိုင်များ၏ တရားဝင် အစည်းအဝေးတွင် လတ်တလော ဆွေးနွေးခဲ့ရာ တရုတ်တို့က လက်ခံရန် ငြင်းဆန်ခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သည့် သတင်းမျှ မရရှိဟု တရုတ်တို့က ငြင်းဆိုခဲ့ပြီး အိန္ဒိယ အရှေ့မြောက် ဒေသမှ သူပုန် အဖွဲ့များကို ကွယ်ဝှက်ပေးသော သေချာစွာ စီစဉ်ထားသည့် တရုတ်၏ မူဝါဒ ဖြစ်ဖွယ် ရှိသည်ဟု အိန္ဒိယ ပြည်ထဲရေး အရာရှိက ဆိုပါသည်။ မကြာခဏ ဘီဂျင်းသို့ လာရောက်ခဲ့သော နာဂ သူပုန် ခေါင်းဆောင် Issae Swu နှင့် Anthony Shimray တို့၏ ခရီးစဉ်များက ထိုအချက်ကို သက်သေပြနေသည် ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

          အိန္ဒိယ အရာရှိက ဆက်လက် ပြောကြားရာတွင် သူပုန် ခေါင်းဆောင်၏ ကချင် ပြည်နယ်တွင်း လှုပ်ရှားမှုများကို တရုတ် အာဏာပိုင်များအား သတင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KIA မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ငြင်းဆန်ခဲ့ကြကြောင်း သို့သော်လည်း ကချင် ပြည်နယ်တွင် KIA က အိန္ဒိယ သူပုန်များကို ကူညီနေသည့် အထောက်အထားများ ရှိနေသည်ဟု ဆိုပါသည်။ တရုတ် ယူနန် ပြည်နယ်တွင်းမှ Ulfa သူပုန် ခေါင်းဆောင် အလွယ်တကူ ပုန်းအောင်းနိုင်ရန် KIA ကလည်း အဓိက ပါဝင် လှုပ်ရှားပေးသည်ဟု သိရပါသည်။

          Ulfa အဖွဲ့ သာမကပဲ အခြားသော အိန္ဒိယ အရှေ့မြောက် ဒေသ ခွဲထွက်ရေးအဖွဲ့များ ဖြစ်သည့် Manipur's People's Liberation Army နှင့် United National Liberation Front တို့သည်လည်း ကချင်ပြည်နယ်တွင် အခြေစိုက် စခန်းများ ထား၍ တရုတ်နှင့် ဆက်သွယ်နေသည်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံသည် ၎င်း၏ ပိုက်နက်အတွင်းမှ တရားမဝင် လက်နက် ကုန်သွယ်ရေးကို တားမြစ် နှိမ်နင်းရေးကိုလည်း လိုလားပုံ မရဟု ထုတ်ဖော် ပြောကြားခဲ့သော အိန္ဒိယ ပြည်ထဲရေး အရာရှိက အာသံနှင့် မဏိပူရ ပြည်နယ်များရှိ အပစ်ရပ် ခွဲထွက်ရေးအဖွဲ့ အများစုသည် တရုတ်နိုင်ငံမှ လက်နက်များကို ခဲခဲယဉ်းယဉ်း သွင်းယူလာကြသည်ဟု ပြောကြား လိုက်ပါသည်။

0 comments:

Post a Comment