Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 14th January 2010

          အရှေ့တောင် အာရှ နိုင်ငံများရှိ စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းများကို အားပေး ကူညီလျက် ရှိသော နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ International Financial Institutions (IFIs) ၏ အစည်းအဝေး ကို ဇန်နဝါရီ ၂၇ ရက် ဘန်ကောက်တွင် ကျင်းပချိန်၌ မြန်မာနိုင်ငံ၏ စီးပွားရေး အနေအထားကိုလည်း ထည့်သွင်း ဆွေးနွေး သုံးသပ်ကြလိမ့်မည်ဟု ဆိုပါသည်။

          IFIs သည် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ၎င်းတို့၏ အကူအညီများနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်ပ ဆက်ဆံရေးများနှင့် လက်ရှိ စီးပွားရေး အနေအထားများကို သုံးသပ်ကြမည် ဖြစ်သည်။

          အရှေ့တောင် အာရှနှင့် မဲခေါင် ဒေသဆိုင်ရာ ဘဏ်သတင်း အချက်အလက် ဗဟိုဌာန Bic မှ အကြီးအကဲ Ms Noily Grece Mercedo က ပြောကြားရာတွင် နိုင်ငံ ပေါင်းစုံမှ ဖွံ့ဖြိုးရေး ဘဏ်များ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB နှင့် ကမ္ဘာ့ဘဏ်တို့မှ မြန်မာနိုင်ငံ အပေါ် အကူအညီပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ယခု အစည်းအဝေးကို BIC နှင့် Open Society Institute Southeast Asia တို့ ပူးတွဲ ကမကထပြု ကျင်းပခြင်း ဖြစ်သည်။ သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး ရေရှည် စောင့်ကြည့် လေ့လာသူ ပါမောက္ခ Sean Turnell လည်း တက်ရောက် လိမ့်မည် ဖြစ်သည်။

          အာရှ ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် NGO များမှ ကိုယ်စားလှယ် များကိုလည်း ဖိတ်ကြားထားပြီး ပါမောက္ခ Sean Turnell လည်း တက်ရောက်ပါမည်။ မြန်မာနိုင်ငံတွင်းမှ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားပါသည်ဟု Mercedo က ဖြည့်စွက် ပြောကြားပါသည်။

          ယခု အစည်းအဝေးသည် စီးပွားရေး နိုဘယ်ဆုရှင် ပါမောက္ခ စတစ်ဂလစ်၏ ဒီဇင်ဘာ မြန်မာခရီးစဉ်နှင့် ပတ်သက် ဆက်နွယ်ခြင်း မရှိဘဲ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆက်စပ်ကိစ္စများ အပေါ် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ၏ ရပ်တည်မှု ကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်။ ထို့အပြင် ယခု အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲ အလွန် မြန်မာနိုင်ငံ အခြေအနေများနှင့် ထိုအချိန်တွင် ဖြစ်လာနိုင်သော ပြဿနာများကိုလည်း ဆွေးနွေး သုံးသပ် ကြပါလိမ့်မည်။

0 comments:

Post a Comment