Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသရှိ လျှပ်စစ် ဓာတ်အား သွယ်တန်းသည့် ပါဝါတိုင် တစ်ခုကို လက်နက်ကိုင် ပုန်ကန်သူများက ဖောက်ခွဲပစ်လိုက်ရာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာအစိုးရ၏ တရားဝင် သတင်း ထုတ်ပြန်ချက်အရ သိရှိရပါသည်။

မြန်မာအစိုးရ၏ အဆိုအရ အမည် မသိသော လက်နက်ကိုင် အုပ်စု တစ်ဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် လောပိတ ရေအား လျှပ်စစ် စက်ရုံနှင့် တောင်ငူ အကြား၊ ပက်ဟွန်းမြို့နယ် မာစီပလို ကျေးရွာအနီးရှိ ၂၃၀-ကေဗီအေ ရှိသော လျှပ်စစ် တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

လျှပ်စစ်မီး ပုံမှန် ပြန်လည် ရရှိရန် အတွက် ပျက်ဆီးသွားသော တာဝါတိုင်ကို ယခုအခါ အရေးပေါ် ပြန်လည် ပြင်ဆင်လျက် ရှိကြောင်း မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားသည်။

Xinhua သတင်းဌာန၏ Insurgent blasts pylon in Myanmar Shan state-south ကို ဘာသာပြန်ဆိုသည်။

0 comments:

Post a Comment