Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇန်နဝါရီလ၂၂ ရက်နေ့က နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ(IAEA)မှ အရာရှိကြီးများနှင့်အတူ ကျင်းပပြုလုပ်သည့် နျူကလီးယား လုံခြုံမှုဆိုင်ရာ အာရှ နိုင်ငံများ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ တက်ရောက်ခဲ့ရာ မြန်မာစစ်အစိုးရ၏ နျူကလီးယား ဖွံ့ဖြိုးရေး ကြိုးပမ်းချက်များကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှား သူများက ဆန္ဒပြ လမ်းလျှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

          တိုကျိုမြို့တွင် အခြေစိုက် နေထိုင်သော ဒီမိုကရေစီ အရေးလှုပ်ရှားသူ မြန်မာ အမျိုးသမီးတစ်ဦးက စစ်အစိုးရ လက်အောက်မှ မြန်မာပြည်သူများ၏ ဘေးဒုက္ခ ဆိုးကြီးများကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်စေရန်နှင့် စစ်အစိုးရက စီစဉ်ထားသော နျူကလီးယား စီမံကိန်းများကို ပုံပေါ်လာစေရန် ယင်းသို့ ဆန္ဒပြ လမ်းလျှောက်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း Mizzima သတင်းဌာနသို့ ပြောကြားပါသည်။

"မြန်မာပြည်တွင်း ဘာတွေ ဖြစ်နေတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိအောင် မီးမောင်းထိုး ပြရမယ့် ကိစ္စဟာ ကျွန်မတို့ရဲ့ တာဝန်ပါပဲ၊ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက် အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး အာရုံစိုက် လာစေချင်ပါတယ်" ဟု ၎င်း ကပြောပါသည်။

 

          ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ IAEA နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ အာရှ နျူကလီးယား လုံခြုံမှု အင်အား တိုးမြှင့်ရေးဟူသော ခေါင်းစဉ်ဖြင့် အဆိုပါ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။

ထို ဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံ တက်ရောက်ကြကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို နျူကလီးယား ပစ္စည်းများ ထိန်းချုပ်ရေး ဆိုင်ရာ စင်တာ(NMCC) ၏ ဥက္ကဋ္ဌ Kaoru Naito က သဘာပတိ အဖြစ် ဆောင်ရွက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

ယခု ဆွေးနွေးပွဲသည် ၂၀၀၆ ခုနှစ်အတွင်း ကျင်းပခဲ့သော စီမီနာ၏ နောက်ဆက်တွဲ ဖြစ်သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံများက နျူကလီးယား လုံခြုံမှု ဆိုင်ရာ အစီအမံများ တိုးမြှင့်ရေးအတွက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း အမေရိကန် ရေတပ်က မြန်မာနိုင်ငံသို့ ဦးတည်သွားသည်ဟု ယူဆရသော မြောက်ကိုရီးယား စစ်သင်္ဘော တစ်စင်းကို စုံစမ်း တွေ့ရှိပြီးနောက် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှု ခံလာရသည်။

Mizzima သတင်းဌာန၏ Rally at Nuclear Security seminar to protest Burma's presence ကို ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment