Transparency Myanmar

transparency.myanmar@gmail.com

Washington, By LALIT K. JHA, 22nd January 2010

အမေရိကန် အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက မြန်မာနိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှု သည် တစ်လမ်းသွား လမ်းစဉ် မဖြစ်နိုင်ဟု ပြောကြားခဲ့ပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့်  မြန်မာအစိုးရထံမှ လုံလောက်သော တုန့်ပြန်မှု မရရှိခြင်းကို အဆိုပါ ပြောကြားမှုက ညွှန်ပြနေပါသည်။

စိတ် အနှောင့်အယှက် ဖြစ်သည့် လက္ခဏာများကို ပြသနေသည့် အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ကြာသပတေးနေ့ ကွန်ဂရက် လွှတ်တော်  ရှင်းလင်းပွဲတွင် ဆီနိတ်တာများအား ပြောကြားရာ၌ ပထမဆုံး အဆင့်ကို ဆောင်ရွက်ရန် မိမိတို့ ကြိုးစားနေပါသည်။  သို့ရာတွင် ကပွဲ ကြမ်းပြင်တွင် တစ်ယောက်ထဲက ရသည့် အဖြစ်မျိုးကို လက်မခံ နိုင်ကြောင်း အလေးအနက် ပြောကြားလိုပါတယ် ဟု ဆိုပါသည်။

မြန်မာ အာဏာပိုင်များနှင့် တိုက်ရိုက် ဆွေးနွေးမှု စတင်ရန် မဟာဗျူဟာ ပထမအခန်း ကဏ္ဍတွင် အမေရိကန် ရောက်ရှိနေသည် ဟု Campbell က ကွန်ဂရက်တွင် ရှင်းလင်း ထွက်ဆိုပါသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာ တင်ရန် အချိန်စောလွန်း နေသေးကြောင်း သို့သော်လည်း ယခုနှစ် နှောင်းပိုင်း တချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် မြန်မာ အစိုးရ က ရည်ရွယ်ထား သောကြောင့် ၂၀၁၀ သည် အရေးကြီးသည့် ကာလ ဖြစ်သည် ဆိုသော အချက် ကို မိမိတို့ လက်ခံ နားလည်ထားကြောင်း ၎င်းက ပြောကြားပါသည်။

လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရန် အတွက် ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး ရည်မှန်းချက်များ ဒေသတွင်းနှင့် ကမ္ဘာ့အရေး ကိစ္စများ ဖြစ်လာရေးသည် မိမိတို့၏ ဆန္ဒလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံ ဆွေးနွေးမှု မျှသာ မဟုတ်ပဲ ဒေသတွင်း အစည်းအဝေးများတွင် ပါ ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။

လက်ရှိ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စိုးရိမ် ပူပန်စရာ ကိစ္စများကို ထုတ်ဖော် တင်ပြလျက် ရှိကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင်း ကိစ္စမျှသာ မဟုတ်ပဲ ဒေသတစ်ခုလုံး အပေါ် ဆက်စပ်နေမှု များလည်း ပါဝင်ကြောင်း၊ ပူးပေါင်း အင်အား ဖြည့်တင်းရန် လိုအပ်သည် ဟု မိမိတို့ ယူဆထားသော လမ်းကြောင်းပေါ်ရှိ တန်ဖိုးများ၊ အကျိုးအမြတ်များနှင့် ပတ်သက်၍ ပိုမို ဆွေးနွေး ပြောဆိုလာသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသော နိုင်ငံများကို စိတ်ကျေနပ်ဖွယ် တွေ့မြင်နေရကြောင်း ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ စသော နိုင်ငံများနှင့် ခိုင်မာ အားကောင်း နက်ရှိုင်းသည့် မိတ်ဆွေဖြစ် ဆက်ဆံရေး အုတ်မြစ် သည် အမှန်တကယ်၌ မိမိတို့၏ ယုံကြည် မျှော်လင့်ချက်များကို တိုးပွားစေကြောင်း Campbell က အကျယ်တဝင့် ပြောဆိုပါသည်။

တကယ့် အမှန်တရားကတော့ အချို့နိုင်ငံတွေနဲ့ မတူပဲ အမေရိကန်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ခံစားချက်တွေ ရောထွေးနေပုံ ရပါတယ် ဟု Campbell က ဆိုပါသည်။ အရမ်းကြီးမားတဲ့ စိုးရိမ် ပူပန်စရာ ကိစ္စအချို့ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘယ်လို ကိစ္စတွေလဲ ဆိုတော့ မြန်မာ အစိုးရက ပြည်သူတွေကို ဘယ်လိုမြင်သလဲ၊ ပြည်သူတွေရဲ့ ဘဝအဆင့်အတန်း၊ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ၊ တရားဝင် ရွေးကောက် တင်မြှောက်ခံရမယ့် အဖွဲ့တွေကို ဘယ်လို ပြုမူ ဆက်ဆံမလဲ၊ အမေရိကန်ကို ဘယ်လို သဘောထားမလဲ ကိစ္စတွေပါပဲ ဟုလည်း ၎င်းက ပြောကြားပါသည်။

မြန်မာနိုင်ငံ မူဝါဒ အပေါ် အမေရိကန် အစိုးရအဖွဲ့၏ တရားဝင် ပြန်လည် သုံးသပ်ချက်က ပြည်သူတို့၏ အခွင့်အရေးများကို လေးစားသော ဒီမိုကရေစီ အစိုးရ ဖြစ်တည်ရေးနှင့် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းရေး စသော အခြေခံ ရည်မှန်းချက်များကို အတည်ပြုခဲ့သည် ဟု Campbell က ဆိုပါသည်။

မြန်မာ အာဏာပိုင်များနှင့် လက်တွေ့ကျကျ ညှိနှိုင်းဆွေးနွေးရေး မူဝါဒ အရ မိမိတို့ ရည်မှန်းချက်များ အောင်မြင်ရန် အတွက် အကောင်းဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပါသည်။ အထက်ပါ လမ်းစဉ်အရ အမေရိကန်က စိုးရိမ် ပူပန်နေသော ကိစ္စများအပေါ် မှန်ကန်သော ပြောင်းလဲမှုများ ပြင်ဆင် ဆောင်ရွက်နေကြောင်း မြန်မာ အာဏာပိုင်များက ပြသနိုင်သည် အထိ အမေရိကန်၏ အရေးယူမှုများ ရှိနေမည် ဖြစ်သည်။ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်များ ကလည်း ယခု ဆောင်ရွက်မှုကို ထောက်ခံ အားပေးကြောင်း မိမိတို့ထံ အတည်ပြု ပြောဆိုထားပါသည်။ မိမိတို့ ရည်မှန်းချက်များ အတွက် စည်းရုံး ဆောင်ရွက်ရာတွင် အသုံးပြုနေသော ဗျူဟာများ ကို အင်အား ဖြည့်ရန် အရံ နည်းလမ်း ဗျူဟာများလည်း လိုအပ်သည် ဟု မူဝါဒ ပြန်လည် သုံးသပ်ချက် က အတည်ပြု ခဲ့ပါသည် ဟု Campbell က ရှင်းလင်းပါသည်။

ယခု နည်းလမ်းရဲ့ အဓိက လမ်းကြောင်းက မြန်မာ ခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ထိပ်ပိုင်းအဆင့် တိုက်ရိုက် ဆွေးနွေးရေးပဲ ဖြစ်ပါတယ်။ မြန်မာ ဝန်ကြီ်းချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် မြန်မာ အာဏာပိုင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နိုဝင်ဘာ  ၃ နဲ့ ၄ မှာ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ အဲဒီ အစည်းအဝေးတွေမှာ ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ နိုင်ငံရေး အင်အားစုတွေ အားလုံး တွေ့ဆုံ ဆွေးနွေးရေးဟာ အရေးကြီးတဲ့ အကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွေ ကို အသိအမှတ်ပြု ခံချင်ရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်တဲ့ အကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်ဟု Campbell က ထုတ်ဖော် ရှင်းလင်း ခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment