Transparency Myanmar

transparency.myanmar@gmail.com

monstersandcritics.com, 24th January 2010

          ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည် ရောက်ရှိမှုမှာ ၂၅ % မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု၊ အထီးကျန် ပြုထားမှုနှင့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် ထားသည့် ကြားမှ တိုးတက်လာခြင်း ဖြစ်ကြောင်း တနင်္ဂနွေနေ့က မီဒီယာများမှ သတင်းပေးပို့ပါသည်။

          ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ကမ္ဘာလှည့် ခရီးသည် ၂၂၇၄၀၀ ဦး လာရောက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်က ခရီးသည် ၁၇၀၈၁၂ ဦး ထက် ၂၅ % တိုးတက်ခဲ့သည်ဟု မြန်မာတိုင်းမ်က ဖော်ပြပါသည်။

          ခရီးသည် ၁၄၈၀၀၀ မှာ အာရှတိုက် နိုင်ငံများမှ ဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ ၄၂၇၀၀ နှင့် တရုတ်နိုင်ငံမှ ၂၃၆၃၄ ဦး ပါဝင်ပါသည်။

          ခရီးသည် ၁၄၄၀၀ မှာ အမေရိကန် ပြည်ထောင်စုမှ ဖြစ်ပြီး၊ အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်မှုကြောင့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားပါသည်။

          ခရီးသည် ၄၇၁၆၁ ဦးသည် ဥရောပ နိုင်ငံများမှ ဖြစ်ပြီး၊ စုစုပေါင်း ခရီးသည်၏ ၂၀ % ရှိပါသည်။ ဥရောပ နိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် ခရီးသည် ၁၀၂၂၅ ဦးဖြင့် အများဆုံး လာရောက်ပြီး၊ နောက်မှ ဂျာမနီ နိုင်ငံသည် ၈၇၈၈ ဦး လာရောက်ပါသည်။

          မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းတွင် ဆယ်နှစ်ကျော် လုပ်ကိုင်လာခဲ့သူ Sun Birds Travel မှ ဒါရိုက်တာ ဖြစ်သူ Werner Rumpf က ပြောကြားရာတွင် ဥရောပ ဈေးကွက်သည် တိုင်းပြည်၏ အခြေခံ အဆောက်အဦ တိုးတက်ရေးအတွက် အထောက်အကူ အများကြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          "မြန်မာနိုင်ငံဟာ အာရှမှာ ခရီးသွားစရာ နေရာတစ်ခု အဖြစ် နံပါတ်တစ် နေရာမှာ တိုးတက် ဖြစ်လာနေပြီ ဖြစ်သော်လည်း မည်သူကမျှ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း မပြောကြသေး တာကတော့ သဘာဝ မကျပါဘူး"ဟု Rumpt က အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော အပတ်စဉ် Myanmar Times သို့ ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment