Transparency Myanmar

transparency.myanmar@gmail.com

upstreamonline.com, 25th January 2010

          မလေးရှား Petronas Carigali နှင့် စင်ကာပူ UNOG ကုမ္ပဏီများသည် မြန်မာ့ကမ်းလွန် ရေနံ ဓာတ်ငွေ့သိုက် ၃ ခုနှင့် ပတ်သက်သည့် ထုတ်လုပ်ရေး ရှယ်ယာ ကန်ထရိုက် စာချုပ်များကို လက်မှတ် ရေးထိုးခဲ့သည်ဟု သတင်းများအရ သိရှိရပါသည်။

          MD-4, MD-5 နှင့် MD-6 လုပ်ကွက်များတွင် ရှာဖွေမှုနှင့် ထုတ်လုပ်မှုများ ဆောင်ရွက်ရန် မလေးရှား ကုမ္ပဏီ၊ စင်ကာပူ ကုမ္ပဏီနှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အရာရှိများ နေပြည်တော်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု တရားဝင် သတင်းစာများကို ကိုးကား၍ ရိုက်တာက ထုတ်ပြန်ပါသည်။

          အသေးစိတ် အချက်အလက်များကို မရရှိသေးဟုလည်း သတင်းဌာနက ဆိုပါသည်။

          MD-4, MD-5 နှင့် MD-6 လုပ်ကွက်များသည် ရန်ကုန်မြို့ တောင်ဘက် မာတာဘင် ပင်လယ်ကွေ့ ရေနက်ပိုင်းရှိ လုပ်ကွက်များ ဖြစ်သည်ဟု သိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment