Transparency Myanmar

transparency.myanmar@gmail.com

BBC News, 24th January 2010

          တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များကြောင့် အရင် ဦးအောင် တိုက်ခိုက်မည်ဟု ပြောကြားခဲ့ခြင်းကြောင့် မြောက်ကိုရီးယားတို့က စိတ်ဆိုးစွာ တုန့်ပြန်ခဲ့ ပါသည်။

          တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကားရာတွင် အကယ်၍ မြောက်ကိုရီးယားသည် နျူကလီယာ တိုက်ခိုက်မှုများ အတွက် ပြင်ဆင်နေပြီဟု လက္ခဏာ ပြပါက မိမိတို့က စတင် တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          မြောက်ကိုရီးယား တရားဝင် သတင်းဌာနမှပြောကြားရာတွင် ယင်းသို့ စတင် တိုက်ခိုက်လာခြင်းကို စစ်ကြေညာခြင်းဟု မှတ်ယူမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ လျန်မြန်သော စစ်ရေး တုံ့ပြန်မှုကို တွေ့ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          ယင်းကဲ့သို့ နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခြင်းမှာ မြောက်ကိုရီးယားက ၎င်း၏ တာဝေးပစ် ဒုံးပျံများ ချထားမှုအပေါ် ကျယ်ပြန့်စွာ ဝေဖန်မှုများကြောင့် ခြောက်နိုင်ငံ နျူကလီးယား ဆွေးနွေး ပွဲမှ ပြီးခဲ့သည့် ဧပြီလက ထွက်ခွာ သွားပြီးကတည်းက ဖြစ်ပါသည်။

          မေလတွင် နျူကလီယား စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် နိုင်ငံတကာ ဖိအားပေးမှုများ နှင့် ကုလသမဂ္ဂ၏ အရေးယူမှု ရေးဆွဲခဲ့ပြီး နောက်ထပ် ဒုံးကျည် စမ်းသပ်မှုများလည်း ရှိခဲ့ပါသည်။

          ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် ၂၀၀၃ ခုနှစ်မှ စတင်ခဲ့ပြီး ပြုံးယမ်းကို နျူကလီးယား အစီအစဉ်များ စွန့်လွှတ်ရန်၊ အကူအညီများ ပြန်ပေးရန်နှင့် လုံခြုံရေး အတွက် အာမခံချက်များပေးရန် ဆွေးနွေးခဲ့ ပါသည်။

          ပြီးခဲ့သည် နှစ်ကုန်ပိုင်းက မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ဆန္ဒရှိကြောင်း ပြောခဲ့ပါသည်။

          သို့သော် ယခုလ အစောပိုင်းက ပြုံးယမ်းက အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်း ပေးမှသာ၊ ဆွေးနွေးပွဲသို့ ပြန်လာမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment