Transparency Myanmar

transparency.myanmar@gmail.com

Xinhua, 21st February 2010

          မြန်မာ ကုမ္ပဏီ တစ်ခုသည် နိုင်ငံ၏ ပထမဆုံး သတင်း အချက်အလက် နည်းပညာ ဈေးဝယ် ကုန်တိုက်ကို ရန်ကုန်၌ ဧပြီလ ပထမ အပတ်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး အိုင်တီနှင့် ဆက်သွယ်ရေး ပစ္စည်းများကို အဓိက ရောင်းချသွားမည်ဟု ရှယ်ယာဝင် တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ သည်။

          အိုင်တီ စီးပွားရေး လောကမှ အခြား လုပ်ငန်းရှင် (၂) ဦးနှင့်အတူ The E – trade Myanmar ကုမ္ပဏီသည် ကုမ္ပဏီသစ် တစ်ခု ဖွဲ့စည်းကာ လှိုင်မြို့နယ်တွင် အိုင်တီ ရှော့ပင်းမောလ် ဖွင့်လှစ်မည် ဖြစ်သည်။

          "အိုင်တီ ပြပွဲတွင် ကျင်းပတဲ့ အခါတိုင်း အိုင်တီ ပစ္စည်းတွေ ဝယ်လိုအား အရမ်းများတာကို တွေ့ရပါတယ်၊ အိုင်တီနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေဟာ ဇိမ်ခံ ပစ္စည်း မဟုတ်ဘဲ မရှိမဖြစ် ပစ္စည်းတွေ ဖြစ်လာနေပါတယ်" ဟု The E – trade Myanmar ကုမ္ပဏီ CEO ဦးထွန်းထွန်းနိုင်က ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ပြည်သူများ အိုင်တီ ဗဟုသုတ ပိုမို ပြည့်ဝစေရန်နှင့် ခေတ်မီ အိုင်တီ ပစ္စည်း ကိရိယာများနှင့် နီးစပ်မှု ရှိလာစေရန် ရည်ရွယ်၍ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ပြပွဲကို လာမည့်လ တတိယပတ်တွင် ရန်ကုန်၌ ကျင်းပဦးမည် ဖြစ်သည်။

          မတ်လ ၁၉ ရက်မှ ၂၁ ရက် အထိ ၃ ရက် ကြာမည့် ပြပွဲသည် ယခုနှစ် အတွင်း ပထမဆုံး ကျင်းပသည့် အိုင်တီ ပြပွဲ ဖြစ်၍ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာ ကွန်ပျူတာ ပညာရှင်များ အသင်း MCPA နှင့် မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း စီစဉ်ကြခြင်း ဖြစ်သည်။

          ပြခန်းပေါင်း ၁၅၆ ခန်း ပါဝင်မည့် အဆိုပါ ပြပွဲတွင် နောက်ဆုံးပေါ် နည်းပညာများ၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ ကွန်ပျူတာ ဆက်စပ် ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များကို အိုင်တီ ကုမ္ပဏီများက ပြသ ရောင်းချကြမည် ဖြစ်သည်။

          ကွန်ပျူတာ အဖွဲ့အစည်းများသည် အဆိုပါ အိုင်တီ ပြပွဲမျိုးကို ၁၉၉၉ မှ စ၍ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပခဲ့ကြပြီး ယခင်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သော နောက်ဆုံး ပြပွဲတွင် ကုမ္ပဏီ ၇၁ ခု ပါဝင် ဆင်နွှဲခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment