Transparency Myanmar

transparency.myanmar@gmail.com

Business Times, 23rd February 2010

          မြန်မာ စစ်အစိုးရသည် ပို့ကုန် မြှင့်တင်ရေးအတွက် စီးပွားရေး မြို့တော် ရန်ကုန်ရှိ အဓိက ဆိပ်ကမ်း ခြောက်ခုအား တာဝန်ယူ ကိုင်တွယ်ရန် ပုဂ္ဂလိက ကုမ္ပဏီများအား အဆိုပြုရန် ဖိတ်ခေါ်လျက် ရှိသည်။

          ပို့ဆောင်ရေး ဝန်ကြီးဌာနသည် Build၊ Operate and Transfer (Bot) အစီအစဉ်အရ ဆိပ်ကမ်း ခြောက်ခုကို အဆင့်မြှင့်တင် တည်ဆောက်၍ လုပ်ကိုင်ကြရန် ယုံကြည်ရသော မြန်မာ တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် အဖွဲ့များကို တရားဝင် ကြေညာ ကမ်းလှမ်းလျက် ရှိသည်။

          တနင်္လာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ကုမ္ပဏီများသည် နှစ်သုံးဆယ် ငှားရမ်းခွင့် ဆောက်ထားရန်နှင့် ဆောက်လုပ်ရေးပါ ခွင့်ပြုထားပြီး၊ ကုမ္ပဏီများ လျှောက်ထားနိုင်ကြောင်း ဖော်ပြ ထားသည်။

          ကန်ထရိုက် ရမည့် သူများသည် ရန်ကုန်မြစ်အတွင်း ရေစူးနက်နက် သွားလာနိုင်ရေးအတွက် သဲများကို တူးဖော်ကြရလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ရေကြောင်းလမ်းများ ထိန်းသိမ်းရေးအတွက် တာဝန်ရှိမည် ဖြစ်ပြီး သင်္ဘောများ၊ လှေများထံမှ ထိန်းသိမ်းစရိတ် ကောက်ခံခွင့် ရှိကြောင်း ဖော်ပြထားသည်။

          အဆိုပါ ကြေညာချက်တွင် ဆိပ်ကမ်းများကို ပုဂ္ဂလိကများအား ခွင့်ပြုရခြင်းမှာ အနာဂတ်တွင် တိုးတက်လာမည့် ထုတ်ကုန် သွင်းကုန် လုပ်ငန်းများအတွက် ပုဂ္ဂလိက လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိရန် ဖြစ်ကြောင်း ဆိုသည်။ နိုင်ငံတကာ ကုန်သွယ်ရေး ပမာဏ၏ ၉၀ % သည် ရန်ကုန် ဆိပ်ကမ်းများ မှတဆင့်သာ သွားကြရသည်။

          ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ဖြစ်သော Asia World နှင့် Myanmar International Terminal Thilawa (MITT) တို့သည် ရန်ကုန်ရှိ ဆိပ်ကမ်းနှစ်ခုအား BOT စနစ်ဖြင့် လုပ်ကိုင်နေသည်မှာ ကြာပြီ ဖြစ်သည်။

          အစိုးရထံမှ လာသော သတင်းတစ်ရပ်က Reuters သို့ ပြောကြားရာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနသည် တစ်ခုတည်းသော သင်္ဘောလိုင်း ဖြစ်သည့် ကြယ်ငါးပွင့် သင်္ဘောလိုင်းကို စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်သို့ လွှဲပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

          မြန်မာနိုင်ငံတွင် စစ်တပ် အုပ်ချုပ်မှုမှာ ရာစုနှစ် တစ်ဝက်ခန့် ရှိနေပြီ ဖြစ်ပြီး၊ ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် လုပ်ငန်းများ ရာနှင့်ချီ၍ ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်လျက် ရှိသည်။

          လေ့လာ သုံးသပ်သူများ အဆိုအရ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးကို ပုံစံဖော်မည် ဆိုသော်လည်း တိုင်းပြည်၏ နိုင်ငံရေးကို နောက်ကွယ်မှ စစ်တပ်ကသာ အင်အားကြီးစွာ ကိုင်တွယ် ထားလိမ့်ဦးမည် ဖြစ်ကြောင်း ခန့်မှန်းနေကြသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment