Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကသာမြို့နှင့် ကချင်ပြည်နယ် မိုးတားကြီး မြို့တို့ကို ဆက်သွယ် ဖော်လုပ်ထားသည့် မီးရထားလမ်းပိုင်းကို ပြည်ထောင်စု ရထားလမ်း ကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများက ရေးသားဖော်ပြပါသည်။

၂၅ ဒဿမ ၆ ကီလိုမီတာ ရှည်လျားသော အဆိုပါ ကသာ-မိုးတားကြီး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၇ ခုနှစ်၊ မေလတွင် စတင်ခဲ့ကြောင်း၊ အဆိုပါ လမ်းပိုင်းသည် ကီလိုမီ တာ ၁၅၆ ဒဿမ ၈ ရှည်လျားသော ကသာ-ဗန်းမော် မီးရထားလမ်းမကြီး၌ ပါဝင်ကြောင်း သိရပါ သည်။

ရထားလမ်းပိုင်း အားလုံးပြီးစီးသွားပါက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေး နှင့် ဗန်းမော်တို့အကြား တိုက်ရိုက် ရထားလမ်းအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုပါသည်။

မြန်မာ့အလင်း သတင်းစာ အဆိုအရ ယခုနောက်ဆုံး ဖွင့်လှစ်လိုက်သည့် မီးရထားလမ်းပိုင်းကို ထည့်သွင်း ရေတွက်မည်ဆိုပါက မြန်မာနိုင်ငံတွင် စုစုပေါင်း မီးရထားလမ်းအရှည် ၅၃၇၁ ဒဿမ ၈ ကီလိုမီတာ ရှိသွားပြီဖြစ်ပြီး မီးရထား ဘူတာရုံပေါင်း ၈၅၈ ခုရှိပြီဖြစ်သည်။

ထို့ပြင် စစ်အစိုးရ လက်ထက်၌ ပေါ်ထွက်လာသော တံတားကြီးငယ် အစင်းပေါင်း ၁၀၇၆၀ ရှိကြောင်း သတင်းကဆိုသည်။ တစ်ချိန်တည်းမှာပင် မြန်မာ့မီးရထား ဝန်ကြီးဌာနက မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ အရှေ့နှင့် အနောက်ပိုင်း ဒေသများကို ဆက်သွယ်မည့် မီးရထားလမ်းပိုင်း ၉ ခုကို စတင် ဖောက်လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါသည်။

ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားမည့် အဆိုပါ စီမံကိန်းအတွက် ကျပ်၁၃၂ ဘီလီယံ ကုန်  ကျမည် ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် မြန်မာ့မီးရထား ဝန်ကြီးဌာနသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ် အတွင်း ကီလိုမီတာ ၄၀၀ ရှည်လားသည့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများကိုလည်း အပြီးသတ် အကောင်အထည်ဖော်သွားမည်ဟု သိရပါသည်။

အဆိုပါ စီမံကိန်းများတွင် ရထားလမ်းပိုင်း ၈ ခု ပါဝင်ပြီး ယခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ထွန်း လာမည့် နောင်အစိုးရ အဖွဲ့သစ်ကို လွှဲပြောင်းပေးအပ်ရမည် ဖြစ်ပါသည်။ မြန်မာအစိုးရသည် မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်မည့် အထူးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ရပ် ကိုလည်း ထပ်မံ အကောင်အထည်ဖော်လျက် ရှိသည်။

အဆိုပါ စီမံကိန်းမှာ စစ်တွေ-အမ်း-ပဒေါင်-မင်းဘူး ရထားလမ်း ဖောက်လုပ်ရေးဖြစ်ပြီး ကီလိုမီတာ ၄၁၃ ရှည်လျားမည် ဖြစ်သည်။ အဆိုပါ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတွင် ဘူတာရုံပေါင်း ၅၁ ခု၊ တံတားအစင်း ၁၂၈၅ စင်းနှင့် လှိုဏ်ခေါင်းများ လည်း ပါဝင်ကြောင်း သိရပါသည်။

Xinhua မှသတင်းကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment