Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, by LAWI WENG, 24th February 2010

မြန်မာ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ် (DKBA) သည် ယခင်က ဆုံးဖြတ်ချက် ဖြစ်သော နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရန် သဘောတူညီချက်ကို ပြန်လည် ပြင်ဆင်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူ စခန်းမှ လာသော သတင်းများက DKBA ခေါင်းဆောင်များက မြန်မာ ကုန်သည်များသို့ ၎င်းတို့၏ သဘောထား ပြောင်းလဲမှုကို ပြောပြခဲ့သည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်ဟု သိရသည်။

ဘုရားသုံးဆူရှိ DKBA အရာရှိကလည်း ဧရာဝတီ သို့ ပြောကြားရာတွင် ၎င်းတို့၏ အဖွဲ့ဝင် အများစုသည် မြန်မာ အစိုးရ၏ အဆိုပြုချက်ကို သဘောမတူကြကြောင်း ပြောသည်။

DKBA နှင့် အဆက်အသွယ်ရှိသော ကုန်သည်များက ပြောကြားရာတွင် မော်လမြိုင် တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်၏ စကားပြောရန် ကမ်းလှမ်းမှုကို DKBA ခေါင်းဆောင်များက ပယ်ချ ခဲ့သည်ဟု ဆိုသည်။

မြန်မာ အစိုးရသည် DKBA ကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သူပုန်များကို တိုက်ခိုက်ရာတွင် ကြားခံအဖြစ် အသုံးပြုခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလက မြန်မာအစိုးရ၏ နယ်ခြား စောင့်တပ် အသွင်ပြောင်းရန် ကြေညာချက် ထွက်လာပြီး မကြာမီ DKBA က သဘောတူကြောင်း ပြောကြားခဲ့သည်။

သို့သော် ယခုလတွင် DKBA ၏ သြဇာ ရှိနေသော ခေါင်းဆောင် ဘုန်းတော်ကြီး အရှင် သုဇနသည် သူ၏ အတိုက်အခံများအား အစီအစဉ်နှင့် ပတ်သက်၍ လက်မခံကြောင်း ကြေညာခဲ့ရာ၊ DKBA       ခေါင်းဆောင် အဖွဲ့ ကလည်း နဂို လက်ခံထားမှုမှ နောက်ပြန် ဆုတ်သွားခဲ့သည်။

''ကျွန်တော်တို့ အစိုးရရဲ့ အစီအစဉ်ကို သဘောမတူပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဘုန်းကြီးက လက်မခံလို့ပါ '' ဟု DKBA  တာဝန်ရှိသူက ပြောခဲ့သည်။

အရှင် သုဇနသည် သက်တော် ၆၈ နှစ် ရှိပြီ ဖြစ်ပြီး၊ ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသတွင် သာသနာပြု လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ကြာပြီ ဖြစ်သည်။

ဆရာတော်သည် ယခု အစောပိုင်းက ၎င်း၏ ကာလရှည် ခံစားနေရသော အဆုတ်ရောဂါ အတွက် ဘန်ကောက်ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူခဲ့ကြောင်း သိရသည်။ မြန်မာ အစိုးရက ရန်ကုန်ရှိ စစ်ဆေးရုံတွင် ကုသရန် လျှောက်ထားခဲ့သော်လည်း ဘန်ကောက်တွင် ကုသရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

DKBA ကို လွန်ခဲ့သော ၁၅ နှစ်က ဖွဲ့စည်းခဲ့ပြီး၊ ၎င်း အဖွဲ့အစည်းက ထိုင်း မြန်မာ နယ်စပ်ရှိ ယခင်က KNU  နယ်မြေ အတော်များများကို ချုပ်ကိုင်ထားသည်။  DKBA  တွင် အင်အား  ၆၀၀၀  ရှိပြီး တပ် အင်အားကို  ၉၀၀၀ ထိ တိုးမြှင့်ရန် စီစဉ်လျက် ရှိသည်။ DKBA အနေဖြင့် KNU တပ်များနှင့် ပဋိပက္ခ ဖြစ်ရာတွင် လူ့အခွင့်အရေး ကိစ္စ ချိုးဖောက်မှုများ ရှိကြောင်းနှင့် ထိုင်း -မြန်မာ နယ်စပ်တွင် လူကုန်ကူးမှုများတွင် ပါဝင် ပတ်သက်မှု ရှိကြောင်း စွပ်စွဲခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment