Transparency Myanmar

transparency.myanmar@gmail.com

BBC News, By Quentin Sommerville, 24th February 2010

တရုတ်နိုင်ငံတွင် ကွန်မြူနစ် ပါတီသည် သူ၏ တာဝန်ရှိသူများ ကြားတွင် ကြီးထွားလာသော အကျင့်ပျက် ခြစားမှုများကို ထိန်းချုပ်ရန် ကြိုးစားသော အနေဖြင့် အချက် ၅၂ ချက်ပါ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ စည်းမျဉ်းတွင် အဖွဲ့ဝင်များအား အခြေပစ္စည်းများအား ဈေးကစား ရောင်းဝယ်မှု မပြုလုပ်ရန်၊ ငွေရသော လုပ်ငန်းအတွက် ဆက်ဆံခြင်းများ မပြုရန်နှင့် အလွန်အကျွံ သုံးစွဲမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။

လွန်ခဲ့သော (၁၃) နှစ်က နောက်ဆုံး အထက်ပါ စည်းကမ်းမျိုး ထုတ်ခဲ့ဖူးသည်။

အကျင့်ပျက် ခြစားမှုသည် ပြည်သူများကြားတွင် ရေပန်းစားလာသော အကြောင်းအရာ တစ်ခု ဖြစ်လာသည်။ အာဏာကို အကြောင်းပြု၍ ငွေရှာခြင်းသည် သာမန် တရုတ်နိုင်ငံသားများ ကြားတွင် စိုးရိမ်ဖွယ်ရာ အကောင်းဆုံး ကိစ္စများ စာရင်းတွင် ပါဝင်လာသည်။

ယခု ထုတ်ပြန်လိုက်သော ကျင့်ဝတ်အသစ်များအရ ပါတီ အဖွဲ့ဝင် များသည် ပြည်သူများအတွက် အလုပ်ကို ကြိုးစား လုပ်ကိုင်ရမည် ဖြစ်ပြီး၊ လက်ဆောင်များ လက်ခံခြင်း၊ ၎င်းတို့၏ သြဇာဖြင့် မိသားစု၏ အကျိုးအတွက် လုပ်ဆောင်မှုများကို ရှောင်ရှားရမည်ဟု ဆိုသည်။

ခမ်းခမ်းနားနား မင်္ဂလာဆောင်ခြင်း၊ အသုဘကို ကြီးကြီး ကျယ်ကျယ် ပြုလုပ်ခြင်းနှင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်းများကိုလည်း ပိတ်ပင်ထားသည်။

ပါတီ အဖွဲ့ဝင်များသည် အမြတ်ရမည့် လုပ်ငန်းများကိုလည်း မလုပ်ရန် တားမြစ်ထားသည်။

သို့သော် အချို့ ဝါရင့်ပါတီ တာဝန်ခံများသည် အခြေပစ္စည်းများကို ရောင်းဝယ်ကာ ဈေးကစားသည့် အလုပ်ကို လုပ်နေကြပါသည်။ တိုင်းပြည်က ချမ်းသာလာသည်နှင့် အမျှ၊ ပါဝင် ပတ်သက်သည့် ဦးရေ တိုးလာမည် ဖြစ်သည်။

အစိုးရ အဆောက်အဦးများကို ငွေ အမြောက်အမြား သုံး၍ ဆောက်ခြင်း၊ နှင့် ကား အကောင်းစားများ စီးခြင်းကို ခွင့်မပြုပါဟုလည်း ထည့်သွင်းထားသည်။

အချို့နယ်များတွင် ပါတီနှင့် အစိုးရ ဋ္ဌာနချုပ်များသည် ကြယ်ငါးပွင့် ဟိုတယ်ထက်ပင် ကောင်းမွန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးပေါ် ဇိမ်ခံကားများဖြင့် အရာရှိများကို ကြိုပို့ လုပ်ငန်းများ လုပ်သည်ကိုလည်း တွေ့ရသည်။

တရုတ်နိုင်ငံ၏ တစ်ပါတီစနစ်သည် တိုင်းပြည်လူထုက စိတ်အနှောင့်အယှက် ဖြစ်နေပြီ ဖြစ်သည့် ကာလရှည် စွဲကပ်နေသော အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ရန်ရုန်း ကန်လျက် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment