Transparency Myanmar

transparency.myanmar@gmail.com

DVB news, 24th February 2010

မြန်မာစစ်တပ်က ကလေးသူငယ် စစ်သားသစ်များ စုဆောင်းနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO မှ ယခင်က မပြုလုပ်ခဲ့ဖူးသော အပြင်းအထန် ကန့်ကွက်ခြင်းကို ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မတော် အရာရှိ ၃ ဦးကို အကျဉ်းချထားကြောင်း သိရှိရသည်။

၁၃ နှစ် အရွယ် ကလေးငယ်ကို စစ်တပ်ထဲ ဝင်ရန် အတင်းအကြပ် သိမ်းသွင်းခဲ့ရာတွင် ပါဝင် ပတ်သက်မှုဖြင့် ၎င်းတို့ ၃ ဦးအား အလုပ်ကြမ်းနှင့် အတူ ထောင်ဒဏ် ၁ နှစ် ၃ လ နှင့် ၁ လ အသီးသီး ကျခံရန် ပြစ်ဒဏ် ချမှတ်ခဲ့သည့် ပါဝင် ပတ်သက်သူ တခြား အဆင့် စစ်သား ၂ ဦးကို ရာထူး လျှော့ ပြစ်ဒဏ် ၁ နှစ် ပေးခဲ့သည်ဟု ဆိုသည်။

ပြည်သူတို့ အပေါ် မတရား ဆက်ဆံမှုများမှာ အလွန်ပင် သိသာထင်ရှား၍ များပြား လာကြောင်း နှင့် ယခု ကိစ္စသည် ILO အဖွဲ့၏ ရည်ရွယ်ချက် အတိုင်း ကလေးသူငယ် စစ်သား စုဆောင်းသူများကို ပထမဆုံး အကြိမ် ပြစ်ဒဏ် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည် ဟု ရန်ကုန်မှ ILO ဆက်ဆံရေး အရာရှိ Steve Marshall   က ပြောကြားခဲ့သည်။

ILO သည် ယခု ပြဿနာကို ကိုင်တွယ်ရန် အတွက် အခွင့် အာဏာ ရှိသော မြန်မာနိုင်ငံရှိ တစ်ခုတည်းသော နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ ILO ၏ အရေးယူ ကိုင်တွယ်ရေး အစီအစဉ် စတင်ခဲ့သည့် ၂၀၀၇ ဖေဖော်ဝါရီ မှစ၍ အသက် မပြည့်သူ ကလေးများအား စစ်သား အဖြစ် စုဆောင်းမှုကို ကန့်ကွက် တိုင်ကြားစာ စုစုပေါင်း ၁၂၀ ခန့် လက်ခံ ရရှိခဲ့သည်ဟု ILO က ယခင်လတွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၉၁ တွင် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အသက် မပြည့်သေးသူများအား စစ်သား အဖြစ် စုဆောင်းခြင်းကို ဥပဒေမဲ့ ကျူးလွန်လျက် ရှိပြီး တပ်ဖွဲ့ဝင် ၅ သိန်း ရှိသော တပ်မတော်၏ ၂၀ % မှာ အသက် မပြည့်သေးသူများ ဖြစ်ဖွယ် ရှိ၍ ကမ္ဘာပေါ်တွင် ကလေး သူငယ် စစ်သား စုဆောင်း သိမ်းသွင်းသော ဦးဆောင် နိုင်ငံတစ်ခု ဖြစ်နေသည်ဟု ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး ဥပဒေ ပညာရှင်များက ပြောကြားသည်။

ယခင်နှစ်က ထုတ်ပြန်သော Watch list on Children and Armed Conflict ၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်ထဲရှိ ကလေးစစ်သား အချို့မှာ ၉ နှစ်ခန့် အထိ ငယ်ရွယ်သည်ဟု စွပ်စွဲထားသည်။

ယခုကဲ့သို့ တပ်မတော် အရာရှိများကို ထောင်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ Marshall  က ပြောကြားရာတွင်  "ILO လှုပ်ရှားမှုတွေ အားလုံးရဲ့ ရည်ရွယ်ချက်က ပတ်သက်သူ အားလုံးကို ဖမ်းဆီး ထောင်ချပစ်ဖို့ မဟုတ်ပါဘူး၊ စစ်တပ်ထဲမှာ ကလေးတွေကို အသုံးပြုနေတဲ့ တပ်သားသစ် အဖြစ် စုဆောင်း နေတဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းသွားဖို့ပါ"  ဟု ရှင်းလင်းစွာ ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ကလေးသူငယ် စစ်သား စုဆောင်းမှုများ အဆက်မပြတ် ဖြစ်ပွားနေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်ဖက် အစိုးရက ၎င်း၏ စစ်တပ်ကို လောဘတကြီး တိုးချဲ့နေခြင်းကြောင့် ဖြစ်ပါသည်။ အစိုးရက ညွှန်ကြားထားသော တပ်သားသစ် အရေအတွက် ပြည့်မီရန် သက်ဆိုင်ရာ အရာရှိများကို အထက်က မကြာခဏ ဖိအား ပေးနေခြင်းပင် ဖြစ်သည်။

ကလေးသူငယ် စစ်သား စုဆောင်းမှုနှင့် မတရား ခိုင်းစေမှု များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ပေးပို့ကြရန် နိုင်ငံ တစ်ဝှမ်းလုံးသို့ လက်ကမ်း စာစောင်များ စတင် ဖြန့်ဝေတော့မည်ဟု ILO မှ ပြီးခဲ့သော လက ပြောကြားခဲ့ပြီး အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ပြည်သူလူထုကို ပညာပေးရန် ကြိုးစားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း ကလေးစစ်သား စုဆောင်းသူများ ဖြစ်သည်ဟု ယုံကြည်ရကြောင်းလည်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment