Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရ၏ တယ်လီ ဆက်သွယ်ရေးနှင့်ကြေးနန်းဆိုင်ရာ အခြေခံအဆောက်အအုံများ တပ်ဆင်ရာတွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သော Alcatel-Lucent က  လျို့ဝှက်စွာ ကူညီ လုပ်ကိုင်ပေးလျက်ရှိကြောင်း ပြင်သစ် သတင်းမဂ္ဂဇင်း တစ်စောင်၏ အဆိုအရ သိရသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် နိုင်ငံတွင်း အင်တာနက် ကွန်ယက်များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရေး အတွက် အဆိုပါ ကုမ္ပဏီက လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ရပ်ကြောင့် Alcatel-Lucent ကုမ္ပဏီသည် ဥရောပသမဂ္ဂက  ချမှတ်ထားသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒကို ချိုးဖောက်လိုက်ရာ  ရောက်သွားသည်။ ထိုသတင်းကို ပြင်သစ် ရုပ်သံမီဒီယာဖြစ်သော Canal Plus နှင့် Les Inrockuptibies မဂ္ဂဇင်းတို့က မတ်လ တတိယပတ် လောက်တွင် ရေးသား ထုတ်ဖော်ခဲ့ကြသည်။

Les Inrockuptibies က အဆိုပါ ပြင်သစ်ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီသည် မြန်မာ စစ်အစိုးရအနေဖြင့် အင်တာနက်၊  အီးမေးလ် အသုံးပြုမှုများကို စောင့်ကြည့်နိုင်ရန် လုပ်ကိုင် ပေးနေခြင်း ဖြစ်သည်ဟု စွပ်စွဲရေးသားသည်။

Alcatel-Lucent ကမူ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တယ်လီ ဆက်သွယ်ရေး နည်းစနစ်များ ကူညီတပ်ဆင် ပေးနေခြင်းသာ   ဖြစ်ပြီး ယင်းသို့ တပ်ဆင်ပေးမှုသည် မြန်မာ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသည်ဟု တုံ့ပြန်ပြောဆိုသည်။

Alcatel-Lucent ကုမ္ပဏီ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသည်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ကတည်းက ဖြစ်သည်ဟု မဂ္ဂဇင်းက ဆိုသည်။ Canal Plus ရုပ်သံမီဒီယာ အဆိုအရ အဆိုပါ ပြင်သစ်ကုမ္ပဏီသည် တရုတ်ပြည်ရှိ လက်အောက်ခံ  ကုမ္ပဏီဖြစ်သော Shanghai Bell Alcatel Business Systems မှတစ်ဆင့် မြန်မာစစ်အစိုးရနှင့် ကန်ထရိုက် ချုပ်ဆိုလုပ်ကိုင်နေခြင်း ဖြစ်ပါသည်။
Irrawaddy သတင်းဌာနမှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment