Transparency Myanmar

transparency.myanmar@gmail.com

 

www.inspremagazine.org.uk, 29th March 2010

မြန်မာ အစိုးရ ကျူးလွန်ခဲ့သော လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် ကိစ္စတွင် ဗြိတိန် အစိုးရက ထောက်ခံပံ့ပိုးမည် ဆိုသည့် သတင်းကို လူ့အခွင့်အရေး အဖွဲ့ တစ်ခု ဖြစ်သော Christian Solidarity Worldwide (CSW) က ကြိုဆို လိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Mark Lyell Grant  က ပြောကြားရာတွင် ဗြိတိန်နိုင်ငံသည် နိုင်ငံတကာ တရားရုံး (ICC) က ထိုအမှုအား အရေးယူ ဆောင်ရွက် ရာတွင် ကူညီမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ယခုလ အစောပိုင်းက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် ထောက်ခံ တင်ပြချက် အပေါ် ဗြိတိသျှ သံအမတ်ကြီးက တုန့်ပြန် ပြောဆိုရာတွင် မြန်မာနိုင်ငံသည် ICC တွင် အဖွဲ့ဝင်ထားသော နိုင်ငံ မဟုတ်သဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ရည်ညွှန်းချက် လိုအပ်သည် ဖြစ်ရာ၊ လုံခြုံရေး ကောင်စီ အနေဖြင့် တညီတညွတ်တည်း ရည်ညွှန်းချက် ထုတ်ပေးရန် မဖြစ်နိုင်ဟု မိမိထင်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ အနေဖြင့် အဆိုပါ ရည်ညွှန်းချက် အတွက် သေချာပေါက် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ အထက်လွှတ်တော် ကော်မတီ House of Lords တွင် လီဗာပူးမှ မြို့စားကြီး Alton မေးခွန်းကို အစိုးရ ဝန်ကြီး မြို့စားကြီး Brelt က ဖြေကြားရာတွင် ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ထောက်ခံ တင်ပြချက်ကို မိမိတို့ အခိုင်အမာ ထောက်ခံကြောင်း၊ သို့သော် လုံခြုံရေး ကောင်စီတွင် ထိုအရေးကိစ္စကို အရေးကြီးကြောင်း၊ ဖိအားပေး ရမည် ဖြစ်ပြီး၊ ထောက်ခံမှု မလျော့သွားရေးနှင့် ဗီတိုအာဏာ မသုံးရေး လိုအပ်ကြောင်း၊ မဟုတ်လျှင် စစ်အစိုးရက အောင်ပွဲခံသွားနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ အခိုင်အမာ ထောက်ခံမည် ဖြစ်ပြီး၊ ထောက်ခံမှုများ ရရှိအောင်လည်း ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

CSW သည် လွန်ခဲ့သော နှစ် အတော်ကြာကပင် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် တင်ပြခဲ့ဘူးပါသည်။ ယခုလ အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် အချက်အလက် ရှာဖွေရေး အဖွဲ့၏ တွေ့ရှိချက်များအရ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် လတ်တလော ဖြစ်ရပ် သက်သေများကို ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်အရ CSW သည် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် ထပ်မံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment