Transparency Myanmar

transparency.myanmar@gmail.com

By Linda Mottram, Canberra Correspondent, 23rd April 2010

ၾသစေၾတးလ် ဝန်ကြီးချုပ် Kevin Rudd က ရက်စက်စွာ ဖိနှိပ် အုပ်စိုးသော မြန်မာနှင့် ဆူဒန် ကဲ့သို့သော နိုင်ငံများနှင့် ဆက်နွယ်မှုများကို အဆုံးသတ်ရန် တရုတ်နိုင်ငံအား တောင်းဆိုလိုက်ပြီး အဆိုပါ နိုင်ငံများသည် တည်ငြိမ်သည့် ကမ္ဘာကြီး ဖြစ်ပေါ်စေရန် အထောက်အကူပြုခြင်း မရှိဟု ပြောကြားလိုက်သည်။

ကင်ဘာရာရှိ Australian National University တွင် ၂၀၁၀ Morrison Lecture ပို့ချချက်ကို ပြုလုပ်ခဲ့စဉ် Mr. Rudd က တရုတ်နိုင်ငံတွင် သြစတြေးလျ စင်တာအသစ် တည်ထောင်ရန် သြစတြေးလျ ဒေါ်လာ ၅၃ သန်း အသုံးပြုမည်ဟု ကြေညာခဲ့သည်။

Rio Tinto ကုမ္ပဏီသည် ယခင် အမှုဆောင် သြစတြေးလျ နိုင်ငံသား Stern Hu ကို တရားရုံးတင် စစ်ဆေးမှု နောက်ပိုင်း တရုတ်နိုင်ငံ အပေါ် Kevin Rudd က ပထမဆုံး မှတ်ချက် ပေးရာတွင် နှစ်နိုင်ငံ အကြား အနှောက်အယှက် ဖြစ်စေသော စိုးရွံ့မှုများ မရှိဘဲ ခွန်အားပြည့် လန်းဆန်းသော ဆက်ဆံရေးသာ ရှိသင့်သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် လျော်ညီစွာ လုပ်ဆောင်တတ်ရန် လိုအပ်နေသေးသည်ဟု ၎င်းက ဆိုသည်။

"ဥပမာ အနေနဲ့ ပြောရရင် ကမ္ဘာတဝှမ်းက တခြားနိုင်ငံတွေက ပစ်ပယ်ထားဖို့ ကြိုးစားနေတဲ့ မြန်မာနဲ့ ဆူဒန်လို နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ ပတ်သက် ဆက်စပ်နေတာဟာ ကမ္ဘာ အတွက် အကူအညီ မရပါဘူး။ အကြောင်းကတော့ နိုင်ငံတကာစနစ်ရဲ့ ပေါင်းစည်း ညီညွတ်မှုကို ဒီနိုင်ငံတွေက အနှောင့်အယှက် ပေးနေလို့ပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

"မြန်မာနဲ့ ဆူဒန်လို တည်ငြိမ်မှု ပျက်ပြားစေတဲ့ အစိုးရတွေ၊ အာဖဂန် နစ္စတန်နဲ့ အီရန်လို ကမ္ဘာ လုံခြုံရေးကို စိမ်ခေါ်နေတဲ့ ကိစ္စတွေ အပေါ် ဆန့်ကျင်တဲ့ နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတွေကို ပိုပြီး ထောက်ခံ အားပေးဖို့ တရုတ်နိုင်ငံက လုပ်နိုင်ရပါလိမ့်မယ်။ လုပ်လည်း လုပ်သင့်ပါတယ်" ဟု Kevin Rudd က မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment