Transparency Myanmar

transparency.myanmar@gmail.com

(၉ မေလထုတ် ဂျပန်တိုင်းမ် တွင် Derek Tonkin ၏ အယ်ဒီတာထံ ပေးစာ)

By Derek Tonkin: ထိုင်းနိုင်ငံဆိုရာ ဗြိတိသျှ သံအမတ် (၁၉၈၆-၈၉), The Japan Times, 9 May 2010

          မေလ ၃ ရက်နေ့ထုတ် ဂျပန်တိုင်းမ် သတင်းစာ ခေါင်းကြီးပိုင်း "Election Posturing in Myanmar" အပေါ်တွင် မှန်ကန်တိကျသော မှတ်ချက်အချို့ ပေးလိုပါသည်။( ဟန်တစ်လုံး ပန်တလုံး မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲ အမည်ဖြင့် မေ ၄ ရက်တွင် ဘာသာပြန်ဆိုဖော်ပြပြီး ဖြစ်သည်။ အယ်ဒီတာ)

          မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေသည် နိုင်ငံခြားသားများနှင့် လက်ထပ်ထားသူများ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကို တားဆီးထားခြင်းမရှိပါ။ ဥပဒေပါ တားမြစ်ချက်သည် သမ္မတ လောင်းများအတွက်သာ သက်ဆိုင်မှု ရှိပြီး အမျိုးသားလွှတ်တော် ၂ ရပ်နှင့် တိုင်းနှင့် ပြည်နယ် ဒေသကြီး လွှတ်တော် ၇ ရပ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများအပေါ် သက်ရောက်မှု မရှိပါ။

          ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စတွင် သူမအနေဖြင့် သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းရန် စည်းကမ်း မညီညွတ်ခြင်းမှာ ဗြိတိသျှလူမျိုး ပါမောက္ခ မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့ခြင်းကြောင့်သာမကဘဲ သူမ၏ သားနှစ်ယောက်လုံး ဗြိတိသျှ နိုင်ငံသား ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက် ယခုအချိန်အထိ မကင်းလွတ်သေးသည့် အချက်မှာ သူမသည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၀၉ သြဂုတ်တွင် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် ဖြစ်သည်။

          သူမ၏ ပြစ်ဒဏ်မှာ တားမြစ်ချက် တစ်ရပ်သာ ဖြစ်ပြီး အကြောင်းမှာ သူမသည် ထောင်ထဲတွင် ရှိမနေသောကြောင့် ဖြစ်သည်။ နေအိမ်အကျယ်ချုပ်ကျခြင်းသည် ထောင်ဒဏ် ကျခံခြင်းနှင့် အလားတူ သတ်မှတ်နိုင်ခြင်းရှိ၊ မရှိမှာ ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။

          ၁၉၉၀ ရွေးကောက်ပွဲများ ကျင်းပစဉ်ကာလတွင် စစ်ဖက်အစိုးရက နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်သည် ထောင်ကျခြင်းနှင့် အလားတူ သတ်မှတ်၍ မရဟု ဆုံးဖြတ်ခဲ့ဘူးသော်လည်း သူမ ပါဝင်ခွင့်ကို အခြားစည်းကမ်းများဖြင့် တားဆီးခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည့်၏ အနေအထားကို ရွေးကောက်ပါ ကော်မရှင်က ဆုံးဖြတ်ခြင်းမရှိသေးဘဲ NLD ပါတီ ရွေးကောက်ပွဲ ဝင်နိုင်ရန် သူမအား ထုတ်ပယ်ဖို့ လိုသည်ဟု ပြောရန် မဖြစ်နိုင်သေးပါ။ ပထမဦးစွာ NLD ပါတီအနေဖြင့် သူမ၏ အနေအထားအပေါ် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ရယူရန် လိုအပ်ပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက ၈၀ ရာနှုန်းအနိုင်ရသည် ဆိုသည့် အချက်မှာ မမှန်ကန်ပါ။ ၎င်းတို့ ပါဝင်ယှဉ်ပြိုင်သော ၄၈၅ နေရာ၏ ၈၀.၈၂ ရာနှုန်း အနိုင်ရခြင်းဖြစ်ပြီး မဲဆန္ဒနယ် အားလုံး၏ ၅၂.၄၄ ရာနှုန်း ကို အနိုင်ရရှိခြင်းသာ ဖြစ်ပါသည်။

          ယခု အယ်ဒီတာထံပေးစာတွင် ဖော်ပြထားသော သုံးသပ်ချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အယူအဆသာ ဖြစ်ပြီး The Japan Times ၏ မူဝါဒများကို ကိုယ်စားပြုခြင်းမဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment