Transparency Myanmar

transparency.myanmar@gmail.com

"အမေ့ဒီနေ့ဖုန်းဆက်လိမ့်မယ်။ ကျွန်တော်ထွက်သွားပြီပြောပေးပါ..။ ဆက်ဆက်ပြန်လာခဲ့မယ်လို့ပြောပေးပါ။"

ဒီစာသားလေးက လွန်ခဲ့တဲ့ ၆လလောက်က နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဖြစ်ဖြစ်ပြီးခြင်းတည်း စက် ဆန်းဆိုတဲ့နေရာလေးမှာသွားနေပြီး ဒုက္ခရောက်နေသူတွေကိုကူညီနေရင်း နောက်ဆုံးဘဝပါနစ်ခဲ့ရ တဲ့လူငယ် လေးတစ်ဦးရဲ့ မသေခင်သူ့ရုံးဝှိုက်ဘုတ် မှာရေးခဲ့တဲ့ စာသားလေးပါ။ အဲဒီစာသားလေးရေးပြီး သူတာဝန်ကျရာရွာကို အ ပြန်မှာ လှိုင်းကြီးပြီး သူနဲ့အတူပါလာတဲ့လုပ်ဖော်ကိုင်ဘက် ညီမငယ်တစ်ဦး လှေပေါ်ကပြုတ်ကျတာကို ဆင်း ကယ်ရင်း ရေနစ်သူကိုလှေ ပေါ်တင်အပြီးမှာ သူကအဲဒီမြစ်ကြီးထဲမှာ ထာဝရအနားယူသွားရတဲညီငယ်လေး တစ်ဦးပါ။ အဲဒီညီငယ်လေးဟာ သူရတဲ့လစာလေးနဲ့ သူ့အမေဖြစ်သူရဲ့ ရောဂါကိုကုပေးနေတဲ့ လူငယ်လေးတစ် ဦးလည်းဖြစ်ပါတယ် ဆရာတို့ခင်ဗျား။သူကယ်လိုက်လို့ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးမလေးဟါဆိုရင် သူ့သူ ငယ်ချင်းဟါ သူ့ကိုဆင်းကယ်ရင်း အခုလိုဖြစ်သွားတာဆိုပြီး ကျွန်တော်နောက်ဆုံးတွေ့ဆုံခဲ့အချိန်ထိ စိတ်က ယောင်ခြောက်ခြားဖြစ်နေစဲပါ။ နောက်တစ်ခုကိုလည်း ဆက်ဖတ်ပေးပါဦး။

" ကျွန်တော်ဝန်ထမ်းတွေကိုမရိုက်ပါနဲ့ ရိုက်ချင်းရိုက်ရင် တာဝန်ခံကျွန်တော့်ကိုရိုက်ပါ"

ဆိုပြီးသူဝန်ထမ်းတွေကို မူးပြီးရိုက်တဲ့အစိုးရဝန်ထမ်းတစ်ဦးကို ပါးထိုးပေးခဲ့တာ လွန်ခဲ့တဲ့သုံးလလောက်က နာ ဂစ်ဒေသတစ်ခုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ရင်း တရားဝင်လိုင်စင်ရှိမရှိစစ်ဆေးတာကိုဖြေရှင်းဖို့ တာ ဝန်ခံကိုပြန်ခေါ်တာကို သူတို့ခေါ်တာကိုမလေးမစားနဲ့ထွက်ပြေးတယ်ဆိုပြီး ပြန်လာတော့ဝန်ထမ်းကို မူးမူးနဲ့ပါး ရိုက်ခဲ့တဲ့ နယ်စပ်စည်ပင်က အစိုးရဝန်ထမ်းတစ်ဦးကို သူ့ဝန်ထမ်းအစား ပါးထိုးပေးခဲ့တဲလူငယ်တာဝန်ခံတစ်ဦး ရဲ့ဖြစ်ရပ်ပါ။ ဆက်ဖတ်ပါဦး ဆရာကြီးတို့ခင်ဗျား။

"ကောက်ပြီးသားစာရင်းဇယားတွေကို အကုန်ဖြဲပြီးရေထဲလွင့်ပြစ်လိုက်။ Assessment ကဘယ်အချိန်ပြန် ကောက် ကောက်ရတယ်။ မင်းတို့ကိုဘာမှအဖြစ်မခံနိုင်ဘူး။"

ဆိုတဲ့စကားကတော့ သူ့ကိုဖမ်းပြီး ရဲစခန်းကိုကောက်ထားတဲ့စာရင်းတွေနဲ့အတူ ပြန်လာခိုင်းဖို့ ဖုန်းဆက်ခိုင်းတဲ့ ရဲမှူးအရှေ့မှာဘဲ သူဝန်ထမ်းကလေးတွေကို တာဝန်ခံလူငယ်တစ်ယောက်က ဖုန်းနဲ့လှမ်းပြောတဲ့စကားပါ။ ဖြစ် ရပ်လေးက နာဂစ်ဖြစ်ပြီး အနာဂတ်ဧရာဝတီတိုင်းက ပြည်သူတွေရဲ့အနာဂတ်အခြေအနေ ဘယ်လိုဖြစ် လာနိုင် မလဲဆိုတဲ့ သုတေသနစာတမ်းကို ဧရာဝတီတိုင်းတစ်ခုလုံးလှည့်ပြီးကောက်နေတဲ့ လုပ်အားပေးဝန်ထမ်း က လေးတွေရဲ့နောက်ကို ထောက်လှမ်းရေးတွေအတင်းလိုက်လာပြီး တာဝန်ခံကိုဖမ်း(သူတို့အခေါ် မေးစရာလေး ရှိလို့ဆိုပြီး) ပြီး သူနဲ့အတူလုပ်နေတဲ့ကလေးတွေကို ရဲစခန်းကိုလာအစစ်ခံခိုင်းတဲ့အချိန်မှာ မဖြစ်သင့်တာမဖြစ်ရ အောင် ကောက်ထားတဲ့စာရင်းဇယားတွေကိုဖျက်ဆီးခိုင်းတဲ့ ခေါင်းဆောင်လူငယ်တစ်ဦးရဲ့တာဝန်ယူမှုပါ။

"ဒီမှာ အခုလိုလိုအပ်နေတဲ့အချိန်မှာ အဲယားကွန်းတပ်ပေး၊ ကြွက်ရှင်းပေးလာမပြောနဲ့ မလုပ်နိုင်ရင်ပြန်လို့ရ တယ် ငါတို့လူမျိုးဒုက္ခရောက်နေတဲ့အချိန်မှာ မင်းရဲ့ကိုယ်ရေးကိုယ်တာအခက်ခဲတွေကိုဖြေရှင်းမပေးနိုင်ဘူး" ဆိုပြီးနိုင်ငံခြားသားကို ပြန်ခိုင်းတဲ့ တာဝန်ခံတစ်ဦးဟာလည်း မြန်မာအမျိုးသမီး၊ နာဂစ်ဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်နေတဲ့ သူတစ်ဦးပါ…။

" ဟာသွားပါပြီ စောင်တွေရေစိုကုန်ပြီ။ ဟိုကချမ်းနေတဲ့မိသားစုတွေတော့ ဒုက္ခပါဘဲ။"

ဆိုပြီး သွေးတွေကြားထဲ ကထွက်လာပြီး ကိုယ့်ကိုယ်ကိုပြန်သတိမရဘဲ ညည်းခဲ့တဲ့ ညီမငယ်လေးဟါ… နာ ဂစ်ဒုက္ခသည်တွေကိုစောင်ဝေ ဖို့အသွားလမ်းမှာကားမှောက်ပြီး သွေးသံရဲရဲနဲ့ကြားကနေ ထွက်လာရင်းညည်း တဲ့စကားပါ..။

"သမီးမပြန်ချင်ဘူး။ အိမ်ကိုမပြောပါနဲ့ သိရင်ပြန်လွှတ်မှာမဟုတ်ဘူး။"

ဆိုပြီး ငှက်ဖျားတွေကြားကနေ အိမ်ပြန်ပို့ မှာကိုကြောက်လို့ ကယောင်ကတမ်းညည်းတွားနေတဲ့ မိန်းကလေးက ရန်ကုန်ကနေမိဘတွေ ခွင့်မပြုတဲ့ကြားက နာဂစ်ဒုက္ခသည်တွေကို ကူညီချင်လွန်းလို့ လိုက်လာပြီး ဖျားတဲ့ကြား က အိမ်ပြန်ရမှာကြောက်လို့ညည်းတွားနေခဲ့ ရှာသူလေးရဲ့ အသံပါဆရာတို့ခင်ဗျား။

"မယူခင်ကတောင် ဒီလောက်ပြစ်ထားပြီး လူမှုရေးလုပ်ငန်းတွေဘဲလုပ်နေရင်..ကျွန်မတို့ညားပြီးရင် ရှင်ဒီထက် ပိုဆိုးမယ်။ ဒီတော့ ကျွန်မတို့ဇာတ်လမ်းကို ဒီမှာဘဲရပ်စို့…"

ဆိုတဲ့ အချစ်ဆုံးချစ်သူကိုစွန့်ပြီး လေမကြောက်၊ ရေမကြောက်၊ နင်းမိုင်းမကြောက်၊ ကျည်ဆံမကြောက် လာ လုပ်နေကြတဲ့ လူမှုရေးဝန်ထမ်းလူငယ်လေးဟာ ပျော်လို့ထက်အဓိပ္ပာယ်တစ်ခုအတွက်လို့များဘယ် သူတွေးမိ ဖူးပါသလဲခင်ဗျား။

ကျွန်တော်ဘာလို့ ဒီဟာတွေကိုပြန်လည်ဖော်ထုတ်ရေးသားနေရသလဲဆိုရင် မြန်မာပြည်ဂျာနယ်လောကမှာ အခု တလော အစိုးရကိုပြောမရတဲ့ဒေါသတွေနဲ့ တဖက်သတ်ဖိနင်းပြောဆိုလို့ရတဲ့ဘက်ကို ဒေါသတွေလွှတ် ပေးနေတဲ့ စေတနာအရေခြုံစာတွေအများ ကြီးတက်လာရာမှာ အခုနောက်ဆုံး အန်ဂျီအိုတိုက်ခိုက်ရေး တွေပါ ပါလာလို့ ကျွန်တော်လူမှုဝန်ထမ်းတစ်ဦး အနေနဲ့ဝင်ရော၊ စာဖတ်ပရိတ်သတ်တစ်ဦးအနေနဲ့ပါ တာဝန်ရှိတယ်၊ ပြောသင့်တယ်ထင်လို့ ဝင်ရောက်ရေးသားရခြင်းပါ..။

ကျွန်တော်ပြောချင်တာတစ်ခုက ဆရာကြီးတို့စိုးရိမ်နေသလို ကျွန်တော်တို့ ဘယ်မြန်မာလူမျိုးမှမျောက် မဖြစ် သေးသလို၊ ဘယ်အန်ဂျီအို အသိုင်းအဝိုင်းကမှ သူတောင်းစားမဖြစ်သေးပါဘူး။ ဘူးသီးတောင်မောင်းတောမှာ လက်ထပ်ဖို့တောင် ခွင့်ပြုခြင်းမခံရတဲ့လူမျိုးတွေ၊ ချင်းတောင်မှာ အငတ်ဘေးဆိုက်နေတဲ့ပြည်သူတွေကို အစား အစာထောက်ပံ့ပေးနေတာတွေ၊ ကရင်ပြည်နယ်လမ်းမိုင်းတွေကြားမှာ ဒုက္ခပင်လယ်ဝေနေတဲ့လူတွေကို အစိုးရ နဲ့မျက်နှာချင်းဆိုင်၊ ကျည်ဆံတွေ၊ လေမုန်တိုင်းတွေ၊ မျက်လုံးရိုင်းတွေကို ရင်ဆိုင်ပြီးကယ်တင်ကူညီနေရတာ အန်ဂျီအိုတွေပါဆရာ။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့။ ကုသိုလ်အတွက်ရော၊ လစာအတွက်ပါ မကြည့်ဘဲ ကျွန်တော်တို့ပေးဆပ်ခဲ့တာတွေမနည်း ပါဘူးဆရာကြီးတို့ခင်ဗျား။ ကုသိုလ်တကယ်ရမရတော့ မသိဘူး၊ ငတ် တလှည့်ပြတ်တလှည့်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့သူတိုင်းသိပါတယ်ခင်ဗျာ။ တကယ်တော့ အန်ဂျီအိုဝန်ထမ်းတွေရဲ့လစာဟာ ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သူတို့စိုက်ခဲ့တဲ့အတိုင်း ပြန်ရိတ်သိမ်းခွင့်ရခဲ့တာပါ။ သူတို့ လူတွေအတွက်ပေးဆပ်ခဲ့ရတယ်။ သူတို့ဘဝတွေ၊ အချိန်တွေ၊ မျက်ရည်တွေ၊ တန်ဖိုးရှိတဲ့အချိန်တွေကိုပေးဆပ်ပြီး လူတွေ(အတိဒုက္ခရောက်နေရ သူတွေ)ကို သူတို့တတ်နိုင်သလို၊ သူတို့အဖွဲ့ စည်းရဲ့မူဘောင်၊ သူတို့ပင်ကိုယ်ခံယူချက်တွေနဲ့ ညှိနှိုင်းအားထုတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာပါ။

ခပ်ရိုင်းရိုင်းပြောရရင် ကျွန်တော်တို့မြန်မာလူမျိုးတွေက သူ့ကိုပြပြီး ဆန်အတောင်းခံနေရတဲ့ မျောက်ထက်ကို ကံ ဆိုးနေတဲ့လူမျိုးတွေပါ။ ဘာလို့လဲဆိုတော့ အစိုးရဆိုတဲ့ ပထွေးဆိုးက နှိပ်စက်တဲ့အပြင်၊ ပညာလွန် ဘဝင်မြင့် နိုင်ငံခြားပြန် လူတတ်အိမ်နီးချင်းတွေရဲ့အနေချောင် လုပ်စားရေးကြားမှာနစ်မွန်းမြုပ်ကြပ်နေရတဲ့(တခါတလေ ဟေါက် စားပါလုပ်ခံသေးတယ်။)ကါလမှာ အရာရာနောက်ကျနစ်နာရင်းက အခုဆရာတို့ရေးနေတဲ့ဆောင်းပါးတွေ လို ဘာမသိညာမသိ လူဝင်မဆံ့တဲ့ တ ပည့်တွေပြောသမျှ အဟုတ်ထင်ပြီး ဂတိကျွံစာတွေရေးပြီးဆူရင် လည်း ခံရတာ ကျွန်တော်တို့ပြည်သူတဖြစ်လဲ အန်ဂျီအိုဝန်ထမ်း၊ အဖွဲ့စည်းတွေပါ။ ဆရာကြီးတို့လို လူရိုသေ၊ ရှင်ရိုသေ၊ ရန်ကုန်ကဖင်မကြွ ပညာတတ်တွေ ကတော့ ဒါတွေကိုဘယ်သိမလဲ။ စေတနာအရောင်ပြပြီး ဘာမဟုတ် တဲ့အရာကို ဇာချဲ့စာထွင်ပြီး ပြည်သူကိုအိုး မည်းသုတ်မခွပ်ခိုင်းစေချင်ဘူးခင်ဗျား။ အစိုးရဆိုတဲ့ လူဆိုးတွေက အကြိမ်ကြိမ်ပြောချင် ရလက်တို့ဖြစ်နေရ တဲ့ အထဲ လူရိုသေရှင်ရိုသေဆရာကြီးတို့လိုလူမျိုးတွေကပါ ဘာမှချေ ချေမြစ်မြစ်မသိဘဲ။ ဝေဖန်စာတွေ ကျွံရေးတာ ဟာ သက်တူရွယ်တူသာဆို ဒီလောက်တောင် သောက်သုံးမ ကျရလားဆိုပြီး ပြန်အော်ဆဲဖို့တောင် ကောင်းပါတယ်။ စာပြန်ရေးပြီးတောင် ရှင်းပြချင်မနေတော့ပါဘူး။ အလွန် လေး စားလွန်းလို့သာစာနဲ့ပေနဲ့ပြန်ပြောရတာ ပါခင်ဗျာ။

ဆရာတို့ဟါ ပညာတတ်တွေဖြစ်သလို ထမင်းစားပြီးကြီးလာကြသူတွေဘဲ။ မစဉ်းစားဘဲနဲ့တောင်သိနိုင်တဲ့ အခြေ ခံတစ်ခုက မြန်မာပြည်မှာ အန်ဂျီအိုတွေဘာကြောင့်ရှိနေတာလဲ။ ရှင်းရှင်းလေးဘဲ အစိုးရအသုံးမကျလို့။ အဲဒါ ကိုကျတော့ အနေချောင် အောင်နှာစေးနေကြ၊ တချို့ဆိုဂျာနယ်အားကိုး၊ ပညာအားကိုးနဲ့ အစိုးရကို ကူညီပေး နေကြပြီး လူမှုအဖွဲ့စည်းတွေကို ခြေခြေမြစ်မြစ်မရှိဘဲတိုက်ခိုက်နေတာဟာ လူကြီးလူကောင်းပညာရှိတွေ ရဲ့အ လုပ်မဟုတ်ပါဘူး။ တကယ်တော့ အန်ဂျီ အိုဆိုတာ အိမ်အမိုးဖာသူလိုပါ။ ဟိုအပေါက်တက်ဖာ။ ဒီအပေါက် တက်ဖာ တဲ့အလုပ်ကို ခေါင်မိုးပေါ်က ပြုတ်ကျ ရင်အသက်တောင်အန္တရာယ်ရှိနိုင်မှန်း သိရက်နဲ့တာ ဝန်ယူ တက်လုပ်ပေးနေရသူလိုဘဲ၊ ဝေဖန်နေသူတွေက အိမ်ထဲကထိုင်ပြီး ဘယ်လိုဖာနေတာလဲ။ သောက်သုံးမကျဘူး ဆိုပြီးအော်နေတာဟါ တဆိတ်မလွန်လွန်း ဘူးလားခင်ဗျာ။ တကယ်တော့ အမိုးကြီးလှန်လဲပြစ်ရတော့မှာ ဒါမှ မဟုတ်ရင် ဆရာတို့အပါဝင် ဒီအိမ်ထဲမှာရှိနေတဲ့ ပြည်သူတွေအားလုံး ရေနစ်သေတော့မယ်ခင်ဗျ။ အာဏာရှင် စနစ်ဆိုတဲ့ ရေမှာနစ်သေရတော့မှာပါဆရာတို့ခင်ဗျား။ ဆရာတို့ကျွန်တော်တို့ ရေနစ်မသေအောင် အန်ဂျီ အိုတွေက အမိုးဖာပေးနေတာပါ။ အဲလိုလေးတွေးကြည့်ပြီး မမှားသင့်တာ၊ မမှားရအောင်ဆရာဂုဏ်၊ သမားဂုဏ် နဲ့အညီ လမ်းပြထောက်ညွန်မယ်ဆိုရင် မလိုက်နာမည့်သူ မရှိသလောက်ပါဘဲ ခင်ဗျား။

တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊

မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ

ပြားသကာသို့ ချိုလှစေ….ဆိုသလိုမျိုး အပြန်အလှန်လေးစားမှုလေးနဲ့ လမ်းညွန်စေချင်ပါတယ်။ အခုတော့ ဖတ် မိသမျှကြီးကြီးငယ်ငယ် ဘယ်သူရေးရေးခံရသူကို ပိတ်သလေးနဲ့ဘေးပစ် လွှတ်ချနေတာဘဲများပြီး။ ကြောင်း ကျိုးစီလျော်မှုကို ဦးစားမပေးဘဲ။ ကလောင်စွမ်း၊ ပညာခန်းလွှင့်တင်နေတာက များတဲ့အတွက် ဆရာကြီးတို့တွေ ရဲ့ စာကိုယုံတဲ့ပရိတ်သတ်ဟာ အမြင်တွေမှား၊ လမ်းတွေလွဲသွားစေနိုင်ပါတယ်။ အပြောခံရသူတွေမှာလည်း သိက္ခာကျရင်သော်လည်းကောင်း၊ ယုံကြည်စိတ်အားနည်းသွားရင်သော်လည်းကောင်းဖြစ်သွားစေနိုင်ပါတယ်။

 

ကျွန်တော်သိသလောက်တင်ပြပါစေ။ အခြေခံအားဖြင့် အန်ဂျီအို ၃မျိုးရှိပါတယ်။

၁။ ဖွံ့ဖြိုးရေးအခြေခံတဲ့အန်ဂျီအို ( ဥပမာ..။ UNDP, UNICEF, FAO, WFP, Mercy Corps)

၂။ ကူညီကာကွယ်ရေးအခြေခံတဲ့အန်ဂျီအို ( ဥပမာ..။ UNHCR, UNOCHA, Save the Children)

၃။ ဘာသာရေးလူမျိုးရေးအခြေခံအန်ဂျီအို (ဥပမာ..။ World Vision, KMSS World Concern, ADRA)

ဘယ်လိုအဖွဲ့စည်းဘဲဖြစ်ဖြစ် ဆင်းရဲမွဲတေပြီး အကူညီတကယ်လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် လာရောက်ကူ ညီလုပ်ကိုင်ပေးနေတာတွေချည်းပါဘဲ။ သူတို့ခမျာအစိုးရရဲအမြင်ဆိုးနဲ့ကြည့်တာ၊ အမျိုးမျိုးတားဆီးနှောင့်ယှက် တာတွေကြားကနေ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လာလုပ်ပေးနေကြတာပါ။

ချေးငွေတွေချပေးတာ၊ Food for work, Cash for work, Livelihood support, Nutrition, School support, Child care center, Integrated Community Developmentဆိုတာတွေဟာ သတင်းစာထဲကပါသလို တပြေးညီခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့နိုင်ငံသာ တကယ်ဖြစ်နေတယ်ဆိုရင် လုပ်စရာလိုပါ့မလားခင်ဗျား။ မြန်မာပြည်အနှံ့အပြားမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရဖို့နေနေသာသာ မယ်တော်ဂူလေး၊ ကျေးရွာဘုရားကျောင်းလေးတောင် ဆောက်လို့မရတဲ့ ကျွန်တော်တို့ညီအ ကိုသွေးချင်း တိုင်းရင်းသားတွေရဲ့ ဘာသာရေးကူညီကာကွယ်ရေးတွေအတွက် ဘာသာရေးအခြေခံတဲ့အ ဖွဲ့စည်းတွေရှိတာ သူတို့ဖက်ကသာဝင်ခံစားကြည့်ပေးတတ်ရင် တကယ်တရားမျှတတဲ့အခြေနေပါ။ ဆရာကြီး တို့လည်းမကူညီပေးနိုင်ပါဘူး။ ကျွန်တော်တို့လည်း မကူညီပေးနိုင်ပါဘူး။ တချို့ဆို အဲလိုကူညီခွင့်မခံရ တာကို လက်ခုပ်တောင်တီးနေပါသေးတယ်။

 

ဆရာကြီးကို အကြမ်းဖျင်းတစ်ခုတင်ပြချင်ပါတယ်။ အကယ်၍သာ မြောက်ပြပြီးဆန်တောင်းနေတယ်လို ဆရာ ပြောခဲ့တဲ့ အန်ဂျီအိုအဖွဲ့စည်းတွေအားလုံးသာမြန်မာပြည်ကနေထွက်ခွာသွားမယ်ဆိုရင်…။ ဧရာဝတီတိုင်းတစ်ခု တည်းနဲ့တင် လူဦးရေ ၅သောင်းကျော်လောက်အလုပ်လက်မဲ့ဖြစ်သွားပါမယ်ဆရာ။ ခေတ်စကားနဲ့ပြောရရင် ပုန်းကြောင်သွားမယ်။ 32ပြုတ်သွားမယ်။ အဲဒီ ၅သောင်းကျော်ဟာ လူဦးရေ ၁သိန်းခွဲလောက်ရဲ့ထမင်း အိုးကြီး ဖြစ်ပြီး၊ ကလေး၎သောင်းလောက်ရဲ့ ပညာရေးအထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဟါ အန်ဂျီအိုအဖွဲ့စည်းတွေနဲ့ လက်ခစားဝန်ထမ်းမှသည် လခစားရာထူးကြီးဝန်ထမ်းတွေအထိပါဝင်နေလို့ပါ။ လူဦးရေ ၂ သန်း လောက် စားဝတ်နေရေးခက်ခဲသွားနိုင်ပါတယ်။ တချို့ငတ်ပြီး သေသွားနိုင်ပါတယ်။ မြန်မာ ပြည်ထမင်း ငတ်လို့ သေတဲ့မသာမရှိပါဘူးဆိုတာ စာထဲမှာဘဲရှိတော့ပါတယ် ဆရာကြီးခင်ဗျား။ ကလေးငယ် ၂သန်းခွဲ လောက်ဟာ ပဉ္စမတန်းလောက်နဲ့ကျောင်းထွက်ရင်သော်၎င်း၊ သို့မဟုတ် လုံးဝပညာမတတ်တဲ့ဘဝ ကိုရောက် သွားမှာပါဆရာ။ ၅ သောင်းထက်မနည်းသော မိန်းကလေးတွေဖာဖြစ်သွား ပါမယ်ဆရာတို့ခင်ဗျာ။ ဒါတောင် ဧရဝတီတိုင်းတစ်ခုတည်းကိုဘဲ တွက်တာပါ။ တခြားဒေသတွေကိုသာထည့် တွက်လိုက်မယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်ကြီးတွေဖြစ်ပေါ်လာမှာပါ။ ဒါတွေကိုမင်းတို့ဘာလို့ ပါးစပ်ပိတ် ထားလဲလို့မမေးမယ် ဆိုရင်လည်း ဆရာတို့အင်တာနက်သုံးတဲ့အချိန်မှာ အန်ဂျီအိုဆိုဒ်တွေကိုဝင်ရောက်ကြည့်ရှုပြီး လေ့လာနိုင်ပါ တယ်။ ပွင့်ပွင့်လင်းလင်းကို တင်ပြထားတာပါ။ ဘက်ဂျက်ကိစ္စနဲ့ပါတ်ရင်တော့ ကျွန်တော် သိရသလောက် ဘယ်နိုင်ငံကဘယ် လောက်ချပေးလိုက်တယ်ဆိုတာတော့ သိနိုင်တယ်။ ဆရာတို့တကယ်စိတ် ဝင်စားရင် သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းနဲ့၊ ရခဲ့တဲ့ အလှူငွေကိုယှဉ်ထိုးကြည့်လိုက်ရင် အကြမ်းဖြင်းထွက်လာနိုင်ပါတယ်။ ထည့် တွက်ရမယ့်ထဲမှာ နိုင်ငံခြားငွေအတက်အကျရယ်၊ ဒေါ်လာပေါက်ဈေးကို ဖက်အီးစီစက္ကူနဲ့ပြန် ထုတ်ပေးတဲ့ကြားက ကွာဟချက်၊ မပေးမနေရ ပေးရတဲ့အခွန်တွေကိုလည်း ထည့်သွင်းတွက်ချက်နိုင်ပါစေဗျာ။

အဲ..သူတို့ဆီကရှင်းလင်းချက်(ဆရာတစ်ဦးတောင်းဆိုတဲ့ ပြည်သူတွေသိအောင် ရှင်းပြပေးပါလားဆိုတာက တော့) ရိုးရိုးလေးပါ။ ပြည်သူကိုကြောက်လို့မဟုတ်ပါဘူး။ အန်ဂျီအိုတွေဟာ ပြည်သူတွေအတွက်တကယ် လိုအပ်ပြီး အစိုးရလုပ်မပေးဘဲပြစ်ထားတဲ့ဟာတချို့ကိုလည်း သူတို့မသိအောင် တခြားနည်းလမ်းတွေနဲ့လုပ်ပေး ရပါတယ်။ အဲဒါကြောင့်ရယ် နောက်တစ်ကြောင်းက အဲဒီဆရာကိုပြန်မေးချင်ပါတယ် ဆရာရဲ့မိသားစုဝင်ငွေကို ဆရာအိမ်နီးချင်းတွေကို ခေါ်ပြီးရှင်းပြဖို့မလိုသလို အန်ဂျီအိုတွေကလည်းသူတို့ရည်ရွယ်ချက်၊ ရည်မှန်းချက် တွေချမှတ်ပြီး လုပ်သင့်လုပ် ထိုက်တာတွေကို လုပ်နေတဲ့ကိုယ်ပိုင်အဖွဲ့စည်းတွေဖြစ်နေတဲ့အတွက် ဘက်ဂျက် ဝင်ငွေ၊ ထွက်ငွေတွေကိုရှင်းလင်း ချက်လုပ်ခိုင်းတာဟာမဆိုင်တဲ့အိုးကို တုတ်နဲ့ထိုးသလိုဖြစ်နေပါတယ်။ နောက် ပြီး အလှူရှင်အဖွဲ့စည်းတိုင်းဟာ တောင်းတဲ့ငွေတိုင်းကို လွယ်လွယ်ထုတ်ပေး၊ ပြန်တင်ပြတဲ့စာရင်းတိုင်းကို လွယ် လွယ်လက်ခံ တဲ့အ ဖွဲ့စည်းတွေမဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ဂုဏ်သိက္ခာရှိ စာရင်းစစ်အဖွဲ့တွေ ကိုငှားစစ်ဆေး ခိုင်းတာမျိုး၊ တခြားအဖွဲ့စည်းတစ်ခုမှာ ဒီမှာနေထိုင်နေတဲ့လူတွေ၊ နိုင်ငံခြားသားတွေကို ငှားပြီးစစ်ဆေးတာမျိုး ကိုလည်း လုပ်ပါတယ်။ တခါတခါ Private donorအဖြစ်နဲ့ဝင်လာပြီး မှတ်တမ်းယူစစ်ဆေးတာမျိုးတွေ လည်းရှိ ပါတယ်။ ဆရာတို့ သတိပေးဆုံးမသလိုဘဲ မဟာဒုတ်လုပ်တဲ့အဖွဲ့တွေလည်းရှိပါတယ်။ ဒါပေမယ့်တခါစားပါဘဲ။ ဝန်ထမ်းတွေကလည်း လခရပြီးရောငြိမ်လုပ်နေတဲ့သူတွေမရှိပါဘူး။ ဒီလုပ်ငန်းကို ဝါသနာပါလို့၊ စေတနာ အရင်း ခံပြီးဝင် လုပ်နေတဲ့သူ တွေနေရာတိုင်းမှာရှိတဲ့အတွက် မဟုတ်တာလုပ်ချင်တဲ့သူ တိုင်းရေရှည်ခံလေ့မရှိပါဘူး။ တချို့ကိစ္စတွေမှာ လွဲချော်မှုတွေရှိမှန်းသိပေမယ့် ကိုယ်ရေးကိုယ်တာသုံးစွဲတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ရေ ရှည်တည်တံ့ရေးအတွက် သုံးတာမျိုးဆိုရင် မသိကျိုးကျွံပြုပေးလိုက်တာပါဘဲ။ ဒီလိုမှ လုပ်မပေးရင် အတိဒုက္ခ ရောက်နေတဲ့ ပြည်သူလူထုကြားမှာ တရားမျှတမှုနဲ့ အခွင့်အလမ်းဆို တာကျွန်တော်တို့ပြည်သူတွေကြားမှာ ရှိလာစရာအကြောင်း မရှိပါဘူး။ အန်ဂျီအိုရဲ့သဘောက Individual Interest ကိုအာရုံစိုက်လုပ်လေ့မရှိ၊ လုပ်လို့မရ၊ အများစုကိုအတွက်ကို ဦးစားပေးရတဲ့သဘောဖြစ်တဲ့အတွက် တစ်ဦးချင်း ကျေနပ်နှစ်သိမ့်ရေးကို ဦး စားပေးလေ့ မရှိပါဘူး ဆရာတို့ခင်ဗျား။ အခုဆရာတို့အများစုရေးနေတဲ့ အန်ဂျီအိုဝေဖန်ရေးဆောင်းပါးတွေဟာ individual အရမ်းဆန်နေပါတယ်။ အလုပ်ခွင်နဲ့အဆင်မပြေလို့ ထွက်လာရတဲ့ တပည့်တစ်ယောက်၊ နှစ် ယောက် ရဲ့ပြောဆိုချက်နဲ့ရေးတာမျိုး၊ ကိုယ်တိုင်က အတွင်းကျကျနားမလည်ဘဲ မျက်စိစပါးမွှေးစူးပြီး လွှတ် ရေးတာမျိုး၊ နောက်တစ်ခုက စာရေးဆရာတွေရုံညာဉ် တစ်ခုဖြစ်တဲ့ အာရုံလာနေတဲ့အချိန်မှာ စာစဉ်တွေ ဆက်တိုက်ရေးနေသလိုဖြစ်ပြီး သမားဂုဏ်အရပါလာတဲ့စာမျိုး သို့မဟုတ် ပွဲဆူအောင် ထည့်လိုက် တဲ့စာမျိုး တွေ ဖြစ်နေတာကို ဆရာတို့ရဲ့ ဆောင်းပါးတွေအားလုံးကို စုဖတ်လိုက် လျှင်သိသာကွဲပြားသွားပါတယ်။ လေ့လာ သူများလည်း ဆောင်းပါးတွေ အားလုံးကိုပေါင်းစည်းပြီးဖတ်ကြည့်လျှင် သိပါလိမ့်မယ်။

 

ဥပမာ။ Food for work ဆိုတာရှိတယ် မိမိရွာလမ်းတွေပြင်တယ်၊ ခင်းတယ်၊ ရွာတံတားတွေပြင်တယ်။ တခါတလေ ကိုယ့်အိမ်ထဲမြေဖို့ရင်တောင်ပေးပါတယ်၊ အိမ်သာဆောက်ခိုင်းပြီးပေးပါတယ်။ ဘာလို့လဲသိလားဆ ရာတို့ ပြည်သူတွေက စားစရာမရှိဘူး။ အစိုးရက ဘာမှမလိုဘူးဆိုပြီး ဘာမှမပေးခိုင်းဘူး။ နိုင်ငံရေးခံယူချက်၊ ဘာသာရေးကွဲပြားမှုတွေကြောင့် ဘာမှမပေးခိုင်းဘူး။ အဲလိုအခြေနေမျိုးမှာ လုပ်သာကိုင်သာအောင် အလုပ်အ ကြောင်းပြပြီးရှာကျန်ခိုင်းရတာပါဘဲ။ တကယ်တော့ ဒါဟါ ကျွန်တော်တို့အစိုးရရဲ့ပြည်သူပေါ်မှာကျေရမယ့် တာ ဝန်တွေအားလုံးထဲက အ&