Transparency Myanmar

transparency.myanmar@gmail.com

VOA News, 8th May 2010

ဦးသိန်းစိန်နှင့် ၎င်း၏ စစ်ဖက် လုပ်ဖော်ကိုင်ဘက်ဟောင်းများသည် လွှတ်တော်တွင်းမှ တပ်မတော်၏ ဝေစု ၂၅% ကို အပိုဆောင်း ပေးနိုင်ကြမည် ဖြစ်ပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဟူသော အသွင်အပြင် အောက်တွင် နိုင်ငံကို တပ်မတော်က ဆက်လက် ထိန်းချုပ်ရန် ကြိုးစားနေသည်။

မြန်မာ စစ်ဖက် ထိပ်ပိုင်း ခေါင်းဆောင် အချို့ စစ်ဖက် ရာထူးများ စွန့်လွှတ်၍ နိုင်ငံရေး ပါတီသစ် တစ်ခု ဖွဲ့စည်းခဲ့ကြခြင်းသည် ယခုနှစ် နှောင်းပိုင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်ဖက် အုပ်ချုပ်ရေးစနစ် ပြန်လည် ကျင့်သုံးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက အစဉ်တစိုက် တောင်းဆိုခဲ့သည်။ နိုင်ငံရေးသမား မြောက်များစွာ မပါဝင်နိုင်အောင် တားဆီးထားသည့် တင်းကျပ်သော ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် စစ်ဗိုလ်ချုပ် အချို့၏ အရပ်ဝတ်လဲမှု နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အစိုးရ ဝန်ကြီးများ စစ်ယူနီဖောင်း ချွတ်ရန် ဆုံးဖြတ်ခြင်းသည် မြန်မာနိုင်ငံ အနာဂတ်အတွက် အဖြေ ထွက်လာသည်ထက် မေးစရာများသာ ပိုမို ထွက်ပေါ် လာစေသည်။

စစ်ဖက် အစိုးရက ရေးဆွဲခဲ့သော အငြင်းပွားဖွယ် အခြေခံ ဥပဒေ၏ အောက်တွင် ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု မြန်မာ အာဏာပိုင်များက ပြောကြားထားပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အရပ်ဖက် အုပ်ချုပ်ရေး ပြန်လည် ကျင့်သုံးမည် ဖြစ်သည့် စစ်ဗိုလ်ချုပ်များက လာမည့် ရွေးကောက်ပွဲများသည် ၎င်းတို့၏ ပြည်တွင်း ဂုဏ်သိက္ခာ တက်စေရန်နှင့် နိုင်ငံတကာမှ ၎င်းတို့ အပေါ်ဝေဖန်နေသည်ကို အာရုံလွှဲပြောင်းရန် နည်းလမ်း အဖြစ် ရှုမြင် နေကြသည်။

ဤအကြံအစည် အထမြောက်စေရန် အတွက် မြန်မာ ခေါင်းဆောင်များသည် နိုင်ငံရေး လုပ်ငန်းစဉ်ကို ဖွင့်ဟပေးရမည့် အစား အခြေခံ ဥပဒေသစ်နှင့် ရွေးကောက်ပွဲ ဥပဒေသစ်တို့ဖြင့် တင်းကျပ် လိုက်သည်။ အခြေခံ ဥပဒေအရ မဲမပေးမီမှာပင် လွှတ်တော်နေရာ ၂၅% ကို စစ်တပ် အတွက် ဖယ်ထားပြီး ဖြစ်သည်။ ယခုအခါ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ဟောင်းများသည် စစ်ရာထူး စွန့်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသစ်ကို ဖွဲ့စည်းခြင်းဖြင့် လွှတ်တော်တွင်း တပ်မတော်၏ ၂၅% ဝေစုကို ထပ်တိုးစေမည် ဖြစ်ကာ လွတ်လပ်သော ရွေးကောက်ပွဲ အသွင်အပြင် အောက်တွင် တိုင်းပြည်ကို ဆက်လက် ထိန်းချုပ်ရန် ကြိုးစားနေသည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသည် ၎င်း၏ အစီအစဉ်များကို ယခုထိ မကြေညာ သေးသော်လည်း မကြာမီ ရှင်းလင်းစွာ ကြေညာမည်ဟု မျှော်လင့်ရသည်။ သိက္ခာကြီး နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်ရေးမှာ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းပြည် အနာဂတ် အတွက် ပြောရေး ဆိုခွင့်ရှိသူ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့် ထိရောက် ကျယ်ပြန့်သော ဆွေးနွေးပွဲ ဖော်ထုတ်ရန် အခွင့်အရေး နှင့်အတူ ပွင့်လင်း၊ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲ ကျင်းပရေးတို့ကို မဖြစ်မနေ လိုအပ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment