Transparency Myanmar

transparency.myanmar@gmail.com

      မြန်မာနိုင်ငံတွင်း သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးကို အကူအညီ ပေးရန် ဂျပန် နည်းပညာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Daiwa Institute of Researh က မြန်မာ အိုင်တီ နည်းပညာ ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်သည်။

      အဆိုပါ ဂျပန်နည်းပညာ ကုမ္ပဏီမှာ တိုကျိုမြို့တွင် အခြေစိုက်ပြီး DIR ဟု လူသိများသည်။ မြန်မာနိုင်ငံမှ ACE Data Systems နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့သော် မည်သို့သော ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိ ရသေးပေ။

      တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန အဆိုအရ DIR သည် မန္တလေးတိုင်း၊ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမို မြှင့်တင်ပေးသွားမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ DIR ၏ အဓိက လုပ်ဆောင်ချက်များ အနက် တစ်ခုမှာ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများ မြှင့်တင်နိုင်ရေး အတွက် နည်းပညာနှင့် အကြံဉာဏ်များ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

      ယခုကဲ့သို့ ဂျပန်နှင့် မြန်မာ ဘိဇနက်လုပ်ငန်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုသစ် တစ်ရပ် ပြုလုပ်ခြင်းသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဂျပန် အစိုးရ အပြောင်းအလဲပြု ဖြစ်ပေါ်ပြီး နှစ်နိုင်ငံ ဆက်သွယ်မှုများ ပိုမို မြင့်တက်လာသည့် နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

      ပြီးခဲ့သည့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းတွင် ဂျပန်အစိုးရ အရာရှိများ ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ ထို့ပြင် ၂၀၀၉ ခုနှစ်တွင် ဂျပန်အစိုးရ ငွေကြေး ထောက်ပံ့ထားသော ကုန်သွယ်ရေး အဖွဲ့အစည်း တစ်ခု မြန်မာနိုင်ငံသို့ လာရောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်ပေးမည် ဟုလည်း တာဝန်ယူ ပြောဆိုသွားခဲ့သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment