Transparency Myanmar

transparency.myanmar@gmail.com

(May 9th 2010 ရက်စွဲပါ The Japan Times တွင် Nyan Win Maung – Thayang၊ ထိုင်းနိုင်ငံ၏ အယ်ဒီတာထံ ပေးစာကို ဘာသာပြန်ထားခြင်း ဖြစ်သည်။)

ကျွန်တော်သည် မေလ ၂ ရက်နေ့က ညွန့်ရွှေ၏ Life or death for Aung San Suu Kyi's Party? (Yangon Chronicle တွင် မေလ ၃ ရက်နေ့က ဖော်ပြပြီး) ဆောင်းပါး အပေါ် အမြင်ရှင်းပြီး လက်တွေ့ကျသော ရေးသားမှု အဖြစ် ကြိုဆိုလိုက်သည်။ နိုင်ငံခြား တိုင်းပြည်များ၏ အထီးကျန် ပစ်ပယ်ထားမှု၊ ပိတ်ဆို့ အရေးယူမှုများသည် သာမန် ပြည်သူများကို ကောင်းကျိုး နည်းနည်းမျှ မပေးပါ။ ကျူးဘားနှင့် မြောက်ကိုရီးယားသည် အားနည်းချက်များ ရှိသော အမေရိကန်နှင့် ဥရောပ၏ နိုင်ငံခြားရေး မူဝါဒများ ရှိနေသည့် ကြားမှ လူဆိုးများ အဖြစ် ရပ်တည်နိုင်နေဆဲပင် ဖြစ်သည်။

ကျူးဘားအား အရေးယူ ပိတ်ဆို့ထားမှုများသည် ၁၉၆၂ ခုနှစ် ဒုံးကျည် ပဋိပက္ခ အတွင်း အမေရိကန်က ကျူးဘားကို အရှက်တကွဲ ဖြစ်စေရန် ရည်ရွယ်ရင်း စတင် မြစ်ဖျားခံလာခြင်း ဖြစ်ပြီး လူ့အခွင့်အရေး ကိစ္စ၊ ဒီမိုကရေစီ ကိစ္စများ မပါဝင်ပေ။ ကျူးဘားနိုင်ငံတွင် ကက်စထရို အာဏာ မသိမ်းမီက လွတ်လွတ်လပ်လပ် လှုပ်ရှားနေသော အမေရိကန် မာဖီးယားများ ခြေချင်းလိမ် နေခဲ့သည်။

ပထမ အကြိမ် ပါရှန် ပင်လယ်ကွေ့ တိုက်ပွဲ အပြီးတွင် အီရတ် နိုင်ငံ အပေါ် ချမှတ်ခဲ့သော အရေးယူမှုများသည် Saddam Hussein ကို မထိခိုက်ပဲ အီရတ် ကလေးငယ်များထံသို့ ဆေးဝါးများ၊ အဟာရများနှင့် ရေသန့်များ မရောက်ရှိအောင် ပြုလုပ်လိုက်သလို ဖြစ်ခဲ့ရသည်။ Madeleine Albright နှင့် Bill Cliton တို့၏ လုပ်ဆောင်မှုများကို ကမ္ဘာနိုင်ငံ အချို့က လေးစားခဲ့ကြသော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုများသည် အီရတ် ကလေးငယ်များကို ရာဇဝတ် ကျူးလွန်သူများ ဖြစ်သွားစေသည်။

အာဆီယံ နိုင်ငံသား တစ်ဦး အနေဖြင့် ကျွန်ုပ်သည် မြန်မာနိုင်ငံအား အထီးကျန်နေစေခြင်းကို မကြည့်လိုပါ။ မြန်မာ ပြည်သူများ ရှေ့ဆက် ခံစားနေရသည်များကိုလည်း မမြင်လိုတော့ပါ။ အိန္ဒိယ နယ်စပ်တွင် IT Outsourcing များ တည်ထောင်ခြင်းနှင့် တရုတ်နယ်စပ်တွင် တဆင့်ခံ ကန်ထရိုက် လုပ်ငန်းများ ပြုလုပ်ခြင်း စသည့် အပြုသဘောဆောင်သည့် ဆက်ဆံရေးများသည် အသုံးမဝင်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စာသားများ ရွတ်ဆိုနေမှုထက်စာလျှင် မြန်မာပြည်သူများကို အထောက်အကူ ဖြစ်စေသည်။ မြန်မာနိုင်ငံ၏ အဖြစ်အပျက်သည် တိုင်းပြည်၏ ပြည်တွင်းရေးကို ရည်ရွယ်ချက် ရှိရှိဖြင့် နိုင်ငံခြားမှ ဝင်ရောက် စွက်ဖက်ခြင်း၏ မအောင်မြင်သော နိဂုံးအတွက် ဥပမာ ကောင်းတစ်ခု ဖြစ်သည်။

ယခုလည်း အာဖကန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ အနေဖြင့် သဘောပေါက်သင့်သည်မှာ ဒီမိုကရေစီကို နေ့ချင်း ညချင်း ယူဆောင်၍ မရနိုင် ဆိုသည့် အချက်ဖြစ်ပြီး၊ ယခု ကိစ္စတွင် ကိုးနှစ်တိုင်ခဲ့ပြီး လိုရာ မရောက်သေးပေ။ သို့တည်းမဟုတ် အမေရိကန်တို့၏ အမှတ်တမဲ့ အဆက်မပြတ် ဗုံးခွဲမှုများသည် ဒီမိုကရေစီကို အမြစ်တွယ်စေမည်လော ဟူ၍ ဖြစ်သည်။

မြန်မာ ပြည်သူများ၏ လိုအပ်ချက်မှာ တစ်နေ့ သုံးကြိမ် ထမင်းနပ်မှန်အောင် စားနိုင်ရေး၊ အဝတ် ဝတ်နိုင်ရေး၊ ဆိုင်ကလုန်းဒဏ် ခံနိုင်သော အမိုးအကာ လုံခြုံရေးများပင် ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀ အတွင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆု ရပြီးကတည်းက သူမ၏ မျက်ကန်း ယုံကြည်မှုနှင့် အဖြေမထွက်သော မပြောင်းလဲသော ရပ်တည်ချက်များမှ မည်သည့် အကျိုးရလဒ်မျှ မတွေ့ခဲ့ရပေ။ သူမ၏ စွမ်းဆောင်မှုများ ဤမျှလောက်နှင့် ပြီးဆုံး မသွားပါစေနှင့်ဟု ကျွန်တော် အထူး မျှော်လင့်နေမိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment