Transparency Myanmar

transparency.myanmar@gmail.com

Strategy Page,26th May 2010

တရုတ်နယ်စပ် အနီးရှိ တရုတ် မျိုးနွယ်စုဝင် ဝတပ်ဖွဲ့ (UWSA) အပေါ် မြန်မာစစ်တပ်က စစ်ရေး ပြင်ဆင်နေမှုကြောင့် မြန်မာနိုင်ငံတွင် တိုးပွားနေသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ အပေါ် ခြိမ်းခြောက်လျက် ရှိသည်။ ယခင်နှစ်က ကိုးကန့်ဒေသ ထိုးစစ်ကြောင့် "ဝ" ဒုက္ခသည် ၄သောင်းနီးပါး တရုတ်နိုင်ငံထဲ ဝင်ပြေးခဲ့ကြသည်။ တရုတ်က ဤကိစ္စကို နှစ်သက်ခြင်းမရှိသလို တရုတ် မျိုးနွယ်စုများကို မြန်မာစစ်တပ်က ဖိနှိပ်နေသည် ဟူသော သတင်းများကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ။ အသေးစိတ် သတင်း အချက်အလက်များမှာ အင်တာနက် မှတဆင့် တစ်ဦးနှင့် တစ်ဦး ပေးပို့ခြင်းဖြင့် ပျံ့နှံ့သွားခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံထက် ပိုမို၍ အင်တာနက် လွတ်လပ်ခွင့်ကို တားမြစ်ထားသော မြန်မာနိုင်ငံတွင် ဤကိစ္စမှာ ပြဿနာ မဟုတ်ခဲ့ပါ။

တရုတ်တို့ကမူ မြန်မာနိုင်ငံကို လက်ရှိ အစိုးရအောက်တွင် တည်ငြိမ် အေးချမ်းနေခြင်းကို လိုလားနေသည်၊ ထိုသို့ ဖြစ်စေရန် အတွက် တရုတ်အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်အချို့ မြန်မာနိုင်ငံသို့ လာရောက်၍ အဆိုပါ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။

တရုတ်တို့က မြန်မာနိုင်ငံကို အသုံးဝင် တန်ဖိုးကြီး မဟာမိတ် အဖြစ်လည်းကောင်း၊ ဖောက်သည်နိုင်ငံအဖြစ် လည်းကောင်း ရှုမြင် သတ်မှတ်ထားသည်။ ကမ္ဘာ့နိုင်ငံ အများစုက နိုင်ငံရေး အရ ' ကြဉ် ' ထားခြင်း ခံရသော မြန်မာနိုင်ငံ အနေဖြင့် တရုတ်၏ အားပေး ထောက်ခံမှုကို လိုအပ်သည်။ ဝ တပ်ဖွဲ့နှင့် မြန်မာစစ်တပ် အကြားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရှိထားသော်လည်း အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သေးသည်။

မြောက်ဖက်ဒေသရှိ အပစ်အခတ်ရပ်စဲရေး သဘောတူထားသော၊ တရုတ်မျိုးနွယ် မဟုတ်သည့် ကချင် တိုင်းရင်းသားများထံတွင် နောက်ထပ် အယူအဆများ လတ်တလော ထွက်ပေါ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ခု အတွင်း မြန်မာ အစိုးရသည် မြောက်ဖက် တလွှားမှ တိုင်းရင်းသား မျိုးနွယ်များစွာနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားသည်။

(အဆိုပါ ဒေသများသည် မြန်မာနိုင်ငံ၏ နယ်မြေစစ်စစ် လုံးဝ မဖြစ်ခဲ့ဘူးသော်လည်း ဗြိတိသျှ ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း အဖြစ် ပါဝင်ဖွဲ့စည်းခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အပြီးတွင် လွတ်လပ်စွာ အုပ်ချုပ်ခွင့် ရရှိလာခဲ့သည်။) သို့ရာတွင် ဗမာလူမျိုးများနှင့် တိုင်းရင်းသား ပေါင်းစုံ အကြားတွင် များစွာ ချစ်ခင်မှု မရှိသဖြင့် အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်များမှာ အနေအထား ကောင်းမွန်ခြင်း မရှိခဲ့ပါ၊ သို့ဖြစ်၍ ကရင်စစ်တပ်၏ ခွဲထွက်အဖွဲ့ အချို့မှာ မြန်မာစစ်တပ်ကို နောက် တစ်ကြိမ် ခုခံ တိုက်ခိုက်နေပြီ ဖြစ်သည်။

၂၀၁၀ မေ ၁၅ရက်က ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာစစ်သားများ၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့သည်။ မြန်မာစစ်သားများက ၎င်းတို့ထဲမှ မိုင်းနင်းမိသူ ၂ ဦးကို ဆေးရုံသို့ ပို့ရန် အကူအညီ တောင်းရာမှ ပြဿနာ ဖြစ်ပွားကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရ စစ်သား ၂ ဦးကို စခန်းသို့ ပြန်ပို့ရန် ထိုင်းစက်လှေကို နောက်ပြန်လှည့်ခိုင်းရာ ပါလာသည့် ထိုင်းစစ်သားက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ဤ အခြေအနေတွင် အငြင်းအခုံ ဖြစ်ပွားကာ ပစ်ခတ်ရာမှ ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာ မြစ်ကြောင်းမှာ နယ်နိမိတ် မျဉ်းပေါ်တွင် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment