Transparency Myanmar

transparency.myanmar@gmail.com

News.Yahoo.com, 12 Jun 2010

          တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မေလတွင် ယခင်နှစ်အစောပိုင်းကထက် ၂၇% မြင့်တက်ကာ ဒေါ်လာ ၈ ဘီလျံကျော်သွားပြီဟု တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စနေနေ့တွင် ပြောကြားလိုက်သည်။

          ပြည်ပ ပုဂ္ဂိလိက ကုပ္မဏီများသည် မေလအတွင်း ဒေါ်လာ ၈.၁၃၂ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ပြီးခဲ့သောနှစ် အလားတူလကထက် ၂၇.၄၈% မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်ရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ယိုဂျီယန်းကပြောကြားခဲ့သည်။

          အထက်ပါကိန်းဂဏန်းကြောင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈.၉၂၁ ဘီလျံ သို့ရောက်ရှိကာ ယခင်နှစ်ကထက် ၁၄.၃ မြင့်တက်ခဲ့ပါသည်။ ဧပြီလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် လည်း ယခင်နှစ်အလားတူလကထက် ၂၄.၇% မြင့်တက်ခဲ့ခြင်းကြောင့် တရုတ်နှစ်လယ်ပိုင်း စီးပွားရေး အလားအလာများအပေါ် ယုံကြည်စိတ်ချမှု တိုးပွားစေသည့် လက္ခဏာများပေါ်ထွက်လာခြင်းဖြစ်သည်။

          အထက်ပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် စက်ရုံများသည်၊ အိမ်ခြံမြေလုပ်ငန်းများနှင့် အခြား ပိုင်ဆိုင်မှုလုပ်ငန်းများပါဝင်သော်လည်း စတော့ရှယ်ယာနှင့် အခြားငွေကြေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံခဲ့ကြခြင်းမရှိပါ။

          တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ကြိုးစားနေသည့်အချိန်တွင် လုပ်ခနည်း၍ ပတ်ဝန်းကျင်ညစ်ငြမ်းမှုများသော ထုတ်လုပ်ရေးစက်ရုံများအပေါ် ရန်ပုံငွေထောက်ပံ့မှုကိုလျော့ချဖြတ် တောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment