Transparency Myanmar

transparency.myanmar@gmail.com

News. Yahoo.com, 12 Jun 2010

          အီရန်နိုင်ငံသည် လာမည့်နှစ် မတ်လနောက်ဆုံးထား၍ ယူရေနီယံသန့်စင်သော စက်ရုံ သစ်တစ်ခု တည်ဆောက်သွားမည်ဟု အီရန်နျူကလီယာအကြီးအကဲက ပြောကြားလိုက်ခြင်းသည် ၎င်းနိုင်ငံအပေါ် တင်းကြပ်စွာအရေးယူရန် ကုလသမဂ္ဂက အတည်ပြုပြီးရက်အနည်းငယ်အကြာတွင် ပြန်လည်တုန့်ပြန်သည့် ပြောင်ကျကျအာခံသော ကြေညာချက်တစ်ခုပင်ဖြစ်သည်။

          အလီအက္ကဘာဆာလီဟီက အီရန် ပြက္ခဒိန်နှစ်ကုန်ပိုင်း မတ်လတွင် တည်ဆောက်မှုစတင် မည်ဟုပြောကြားကြောင်း အစိုးရ IRNA သတင်းဌာနက ထုတ်ပြန်ပါသည်။

          နျူကလီယာ ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သော နျူကလီယာလောင်စာတောင့် များထုတ်လုပ်ရန် ယူရေနီယံသန့်စင်သော စက်ရုံသစ် ၁၀ ခုတည်ဆောက်မည့် အစီအစဉ်ကို အီရန်အစိုးရက အတည်ပြုခဲ့ပါသည်။

          အမေရိကန်နှင့် အခြားနိုင်ငံများက အီရန်သို့နျူကလီယာ နည်းပညာပြန့်ပွားမည်ကို စိုးရိမ်နေကြခြင်းမှာ ယူရေနီယံကို နျူကလီယာ လက်နက်ထိပ်ဖူး ပြုလုပ်ရန်အတွက် အသုံးပြုနိုင်သောကြောင့်ပင် ဖြစ်သည်။ အီရန်က အဆိုပါ ရည်ရွယ်ချက်မျိုးမရှိဟု ငြင်းဆိုခဲ့သည်။

          ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်၏ နျူကလီယာလှုပ်ရှားမှုများကို ထိန်းချုပ်ဖြတ် တောက်ရန်အတွက် ၄ ချီမြောက်အရေးယူမည့် ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment