Transparency Myanmar

transparency.myanmar@gmail.com

BBC News, 6th July 2010

တရုတ်နိုင်ငံသည် ဒေါ်လာ ၈ ဘီလျံ ကုန်ကျမည့် ရေနံချက် စက်ရုံကို နိုင်ဂျီးရီးယားတွင် တည်ဆောက်တော့မည် ဖြစ်သည်။

ယခု စက်ရုံသည် မေလအတွင်းက နိုင်ဂျီးရီးယား နိုင်ငံပိုင် ရေနံကုမ္ပဏီ NNPC နှင့် တရုတ်နိုင်ငံပိုင် အင်ဂျင်နီယာ လုပ်ငန်း CSCEC တို့အကြား သဘောတူ လက်မှတ်ထိုးခဲ့သော ရေနံချက် စက်ရုံ ၃ ခုအနက် ပထမဆုံး တစ်ခု ဖြစ်ဖွယ် ရှိသည်။

အဆိုပါ စက်ရုံကို နိုင်ဂျီးရီးယား အကြီးဆုံးမြို့တော် Lagos ရှိ 'လက်ကီး' လွတ်လပ်သော ကုန်သွယ်ရေးဇုံတွင် တည်ဆောက်မည် ဖြစ်သည်။

တရုတ်နိုင်ငံက ကုန်ကျစရိတ်၏ ၈၀ % ၊ NNPC က ၂၀ % နှင့် Lagos မြို့တော်က မြေနှင့် အခြေခံ အဆောက်အဦးများ ထည့်ဝင်ကြမည် ဖြစ်သည်။

မေလက လက်မှတ် ထိုးခဲ့သော ဒေါ်လာ ၂၃ ဘီလျံ သဘောတူ စာချုပ်အရ NNPC နှင့် CSEC တို့သည် Bayelsa နှင့် Kogi တွင် နောက်ထပ် ရေနံချက် စက်ရုံ ၂ ခု တည်ဆောက်ဦးမည် ဖြစ်သည်။

နိုင်ဂျီးရီးယားတွင် ရေနံချက် စက်ရုံ ၄ ခု ရှိနှင့်ပြီး ဖြစ်သော်လည်း ထိန်းသိမ်းမှု ညံ့ဖျင်းပြီး စက်စွမ်းအား၏ ၄၀ % သာ ထုတ်လုပ်နိုင်သည်ဟု အများစုက သတ်မှတ်ထားသည်။

နောက်ဆုံး ရလဒ်အားဖြင့် အဓိက ရေနံစိမ်း ထုတ်လုပ် တင်ပို့သည့် အဆိုပါ အာဖရိကနိုင်ငံသည် လက်ရှိအချိန်တွင် သန့်စင်ပြီး ဓာတ်ဆီကို ပြည်ပမှ ပြန်လည် တင်သွင်းနေရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment