Transparency Myanmar

transparency.myanmar@gmail.com

People's Daily, 7th July 2010

တရုတ် ဒုတိယ သမ္မတ လီကီကျန်းက မြန်မာနိုင်ငံနှင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုကို အရှိန် မြှင့်တင် တိုးချဲ့သွားမည်ဟု အင်္ဂါနေ့က ကတိပြုလိုက်သည်။

မြန်မာ အစိုးရ SPDC အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် တွေ့ဆုံရာတွင် ဒုတိယ သမ္မတ "လီ" က ၁၉၅၀ ခုနှစ် သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့သည့် နောက်ပိုင်း နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှုများ တိုးတက်လာခြင်းကို ဂုဏ်ပြု ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့က ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် လတ်တလောနှစ်များ အတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် ကိစ္စများစွာတွင် တညီတညွတ်တည်း သဘောတူခဲ့ကြသည်ဟု 'လီ' က ဆိုသည်။

တရုတ်နိုင်ငံ၏ ဆယ်စုနှစ်ကြာ စီးပွားရေး ထောက်ပံ့ ကူညီမှုများကို ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက အသိအမှတ် ပြုခဲ့ပြီး ဆက်လက်၍ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment