Transparency Myanmar

transparency.myanmar@gmail.com

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောဆိုမည် ဖြစ်ကြောင်း သိရသည်။

ဘုရင်မကြီး အဲလိဇဘက်သည် ဆယ်စုနှစ် များစွာအတွင်း ကုလသမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှုများ အပေါ် အဓိက ဖိုးကပ်စ် လုပ်ပြီး မိန့်ခွန်း ပြောမည်ဟု မျှော်လင့်ရသည်။ ထို့အတူ ဘုရင်မကြီး၏ မိန့်ခွန်းတွင် နှစ်ပေါင်း ၆ဝ သက်တမ်းမျှ ရာဇပလ္လင် နေရာမှ အတွေ့အကြုံများလည်း ပါဝင်မည် ဖြစ်သည်။

မြောက်အမေရိကသို့ ကိုးရက်တာ ခရီးစဉ် နောက်ဆုံးနေ့တွင် နယူးယောက်မြို့သို့ ဝင်ရောက်ပြီး ကုလ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ဘုရင်မကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၃ နှစ်က အမေရိကန် ပြည်ထောင်စု အရှေ့ဘက် နယူးယောက်မြို့သို့ ပထမဆုံး ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က ဘုရင်မကြီးသည် အသက် ၃၁ နှစ် အရွယ်သာ ရှိသေးပြီး နာမည်ကျော် လေဘာတီ ရုပ်တု ရှိရာသို့ သွားရောက်ခဲ့သည်။

ထိုစဉ်က ကုလ အထွေထွေ ညီလာခံ၌ ကုလ အဖွဲ့ဝင် နိုင်ငံများအား မိန့်ခွန်း ပြောကြားရာတွင် ဘုရင်မကြီးက "တရား မျှတမှုနှင့် တာဝန် ဝတ္တရား သိတတ်မှုတို့ကို ကောင်းစွာ အခြေတည်နိုင်သော အချိန်တွင် ကုလသမဂ္ဂ အနေဖြင့် ကမ္ဘာကြီး၏ ရည်မှန်းချက် ပန်းတိုင်များ ဖြစ်သော ငြိမ်းချမ်းရေး၊ ဥပဒေ ထွန်းကားရေးနှင့် ကြွယ်ဝ ချမ်းသာရေး အစရှိသည်တို့ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်" ဟု ဆိုသည်။

ဘုရင်မကြီး အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံး သွားရောက် လည်ပတ်ခဲ့သည့် နောက်ပိုင်း အမေရိကန် သမ္မတ ၁၀ ဦးအထိ ပြောင်းလဲခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ အာဂျင်ဒါ အသစ်လည်း ထွက်ပေါ်ခဲ့သည်။ ယခုတစ်ကြိမ် ခရီးစဉ်တွင် ဘုရင်မကြီးသည် ၂၀၀၁ စက်တင်ဘာ၌ အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပျက်စီး ပြိုကျခဲ့သော ကမ္ဘာ့ ကုန်သွယ်မှု ဗဟိုဌာန (WTO) သို့ သွားရောက်ပြီး သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံရန် ရှိသည်။

နယူးယောက်သို့ မသွားမီ တော်နေးတိုးမြို့၌ ပြုလုပ်သော နိုင်ငံတော် ညစာစားပွဲ၌ ဘုရင်မကြီး အဲလိဇဘက်က "ကုလ အထွေထွေ ညီလာခံမှာ အဖွဲ့ဝင် ၁၆ နိုင်ငံရဲ့ ဘုရင်မ အဖြစ်နဲ့ရော ဓနသဟာယ နိုင်ငံ အကြီးအကဲ အဖြစ် မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

Majesty မဂ္ဂဇင်း အယ်ဒီတာ Ingrid Seward က "ဘုရင်မကြီးရဲ့ ကုလသမဂ္ဂ မိန့်ခွန်းဟာ သူ့အတွက် အင်မတန် ပုဂ္ဂိုလ်ရေး ဆန်ပြီး အရေးလည်း ကြီးမှာ ဖြစ်ပါတယ်" ဟု Sky News သို့ ပြောကြားသည်။

"အခု ပြောမယ့် မိန့်ခွန်းတွေဟာ အစိုးရ တစ်ရပ်ရဲ့ မိန့်ခွန်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးနဲ့ပဲ ပတ်သက်တဲ့ စကားလုံးတွေပဲ ဖြစ်မှာပါ။ ဘုရင်မကြီးရဲ့ နှလုံးသားက လာတဲ့ စကားတွေပဲ ဖြစ်မှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Sky News မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment