Transparency Myanmar

transparency.myanmar@gmail.com

By William Boot, From The Irrawaddy, 10 July 2010

စွမ်းအင်နှင့် ပတ်သက်သော ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ကုလသမဂ္ဂမှ နောက်ဆုံး တရားစီရင်မှု မပြီးမချင်း၊ ဘင်္ဂလား ပင်လယ်အော်ရှိ အငြင်းပွားနေသော ရေပြင်တွင် မည်သည့် ကမ်းလွန်ရေနံ ရှာဖွေမှုမျှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် ပင်လယ် နယ်နိမိတ် အချုပ်အချာ အာဏာပိုင်မှု အတွက် အငြင်းပွားလျက်ရှိရာ ပင်လယ် ဧရိယာ (၁၅၀၀၀၀) စတုရန်း ကီလိုမီတာ ပိုင်ဆိုင်ရေး အတွက် အငြင်းပွားလျက် ရှိသည်။

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံးသည် ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ တင်ပြချက်အား စောင့်ဆိုင်းလျက် ရှိသည်။ သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ယခုအပတ် ပြောကြားရာတွင် ၎င်းတို့၏ အစိုးရသည် အဆိုပါ ကိစ္စအား မြန်မာနိုင်ငံနှင့် တိုက်ရိုက် စကား ပြောရန်ကိုသာ လိုလားလျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ အငြင်းပွားနေသော ရေပြင်တွင် အလားအလာ ကောင်းသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အကွက် (၄၅) ကွက် ပါဝင်ကြောင်း ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment