Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 10th July 2010

မြန်မာနိုင်ငံကို အရေးပါသော ဆန်တင်ပို့သူ ဖြစ်လာရန် ရည်ရွယ်ထားသည့် စစ်အစိုးရ၏ ကြိုးပမ်းမှုသည် ကျဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းမှာ စီးပွားရေး အလုံးစုံ မွဲပြာကျမှုကြောင့် ဖြစ်သည်ဟု လေ့လာမှု အစီရင်ခံစာက ဆိုသည်။

ယခုနှစ် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခြင်းနှင့် အတူ အစိုးရက ပို့ကုန် တွန်းအား ပေးနေသည့် အတွက် ယခု အကဲဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းပို့ကုန် ဈေးကွက်ကို အတော်အတန် ထိခိုက်စေလိမ့်မည်ဟု စိုးရိမ် ပူပန်မှုများ ရှိနေသည့် ကြားမှ ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းက "ပြန်လည် ရှင်သန်လာသည့် မြန်မာ့ဆန် လုပ်ငန်း အနေဖြင့် ၂၀၁၅ နောက်ဆုံးထား၍ တစ်နှစ်လျှင် ဆန်တန်ချိန် ၂.၅ သန်း တင်ပို့နိုင်ရန် တွန်းအား ပေးရမည်'' ဟု ယခုနှစ် အစောပိုင်းတွင် အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်သည်။

သို့သော်လည်း ထင်ရှားသော မြန်မာ့ စီးပွားရေး အကဲခတ် စောင့်ကြည့်သူ Sean Turnell ပြုစုသော အစီရင်ခံစာတွင် "မြန်မာ့ ဆန်ပို့ကုန် ၈၀ % ကျော်မှာ အရည်အသွေး နိမ့်ကြောင်း၊ ဆင်းရဲသော အာဖရိက နိုင်ငံများတွင်သာ ဖောက်သည် ရနိုင်သော တန်ဖိုးနည်း ဆန်ကျိုးများသာ ဖြစ်ကြောင်း'' တင်ပြထားသည်။

တစ်ချိန်က ရွှေထီး ဆောင်းခဲ့ဘူးသော မြန်မာ့ ဆန်ပို့ကုန် ကဏ္ဍကို ကြီးမားစွာ ဟန့်တား နှောင့်ယှက်နေသော အခက်အခဲ အတားအဆီးများမှာ ၂၀ % ပို့ကုန် အခွန် ကောက်ယူခြင်း၊ ပုဂ္ဂလိက ပို့ကုန် ကဏ္ဍကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် တားဆီးခြင်း၊ ကုန်သွယ်ရေး အကျိုးအမြတ် ရရှိခွင့် နည်းပါးခြင်းနှင့် ကြီးမားသော ဆန်ပမာဏ တင်ပို့ရာ၌ သာမန် မဟုတ်သော အခက်အခဲများ ရှိနေသည့် အဆင့်နိမ့်သည်ဟု Sean Turnell က ၎င်း၏ မြန်မာ့ စီးပွားရေး ဆိုင်ရာ အစီရင်ခံစာတွင် ရေးသားထားသည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီ ၁၉၃၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့နိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment