Transparency Myanmar

transparency.myanmar@gmail.com

Earth Rights International, 13th July 2010

Earth Rights International သည် ဇူလိုင်လ (၅)ရက်နေ့က ပဲရစ်မြို့တွင် Total၊ Chevron နှင့် PTTEP တို့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဘဏ္ဍာရေး ဆိုင်ရာ လျှို့ဝှက်မှုများနှင့် နျူကလီယာ ပြန့်ပွားရေး တို့အတွက် မည်သို့ ပါဝင်နေသည် ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် နာမည်ဆိုး ရှိပြီး ဖိနှိပ်သော အာဏာရှင် အစိုးရ၏ တစ်ခုတည်းသော အကြီးဆုံး ဝင်ငွေရသည့် ရတနာ သဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ပြင်သစ်မှ Total၊ အမေရိကန်မှ Chevron နှင့် ထိုင်းနိုင်ငံမှ PTTEP တို့သည် ၁၉၉၈ ခုနှစ်မှ စ၍ ဒေါ်လာ (၉) ဘီလီယံခန့် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စီမံကိန်းကြီး တစ်ခုလုံး ဝင်ငွေ၏ တစ်ဝက်ကျော်ကျော် ဒေါ်လာ (၅) ဘီလီယံသည် စစ်အစိုးရ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားကြောင်း အထောက်အထားများနှင့် ထိုကုမ္ပဏီများက စစ်အစိုးရသို့ ပေးငွေများအပေါ် ထုတ်ဖော်ရန် ငြင်းဆိုမှုများကို ဖော်ပြထားသည်။ အစီရင်ခံစာတွင် စွပ်စွဲထားရာ၌ အဆိုပါ ငွေများသည် ပဒေသရာဇ် ဆန်ဆန် အုပ်ချုပ်သော အစိုးရအား အာဏာ ဆက်လက် ထိန်းသိမ်းထားနိုင်ရန်နှင့် မြောက်ကိုးရီးယားနှင့် ပေါင်း၍ ဈေးကြီးသော နျူကလီယာ လက်နက်နှင့် အခြား တရားမဝင် လက်နက်များ ရောင်းဝယ် လာစေနိုင်သဖြင့် ပြည်တွင်းရော ဒေသတွင်းမှာပါ လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် Earth Rights International က အတည်ပြု ပြောကြားထားရာတွင် သဘာဝဓါတ်ငွေ့များမှ ရသော ငွေများကို နိုင်ငံရပ်ခြားရှိ ပုဂ္ဂလိကဘဏ်များတွင် စာရင်းဖွင့် ထားရှိပြီး၊ နျူကလီယာနှင့် ဒုံးကျည်လက်နက် စသည့် တရားမဝင် ကိစ္စများတွင် အလွယ်တကူ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည် ဆိုသည်။ ၂၀၀၉ ခုနှစ်ကလည်း Earth Rights International က စင်ကာပူရှိ ဘဏ်နှစ်ခုတွင် မြန်မာဗိုလ်ချုပ်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝ ဓါတ်ငွေ့များမှ ညစ်ပတ်စွာရရှိထားသော ငွေများ အပ်နှံထားသည်ဟု ဖော်ပြခဲ့ဖူးသည်။ ထိုဘဏ်များမှာ စင်ကာပူမှ Overseas China Banking Corporation (OCBC) နှင့် DBS အုပ်စုများ ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း၊ အဆိုပါ ဘဏ်များက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

အစီရင်ခံစာတွင် လက်ရှိ ဖြစ်နေသော ရတနာ ဓါတ်ငွေ့ စီမံကိန်းနှင့် ဆက်နွယ်ပြီး ဖြစ်နေသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ထားသည်။ ယခုနှစ် ဖေဖော်ဝါရီလက ပိုက်လိုင်း ဧရိယာတွင် မွန်ရွာသားနှစ်ဦးအား ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းကိုလည်း အတည်ပြုထားသည်။ အစီရင်ခံစာတွင် Total နှင့် Chevron တို့၏ အဆိုပါ ချိုးဖောက်မှု အတွက် တာဝန်ရှိပုံနှင့် ၎င်းတို့၏ မိခင် တိုင်းပြည်များတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို သရုပ်ခွဲ၍ ဖော်ပြထားသည်။

Earth Rights International သည် ယခင်က Unocal ကော်ပိုရေးရှင်း ( ယခု Chevron) အား အဆိုပါ ပိုက်လိုင်းဒေသတွင် လူသတ်မှု၊ အဓမ္မကျင့်မှု၊ ညှင်းပန်း နှိပ်စက်မှုနှင့် အဓမ္မ လုပ်အား ပေးစေမှုများတွင် ပါဝင် ပတ်သက်မှု အတွက် တရားစွဲခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ်က Chevron မဝယ်ယူမီက Unocal သည် ကျေအေးမှု အတွက် မြန်မာအစိုးရ ဥပဒေ အကျိုးဆောင်အား လာဘ်ပေးခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment