Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုရုံးနှင့် တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရက ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုကို ပြုံးယမ်း အစိုးရက စီမံအုပ်ချုပ်ရေး ကိစ္စ ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ပြီး အဆိုပါ ကိစ္စ ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို တင်းမာလာသည်။

တွေ့ဆုံ ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲထားသော Panmunjom ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးမှုမျိုး ဖြစ်ပေါ်လာရန် ယခု ဆွေးနွေးမှုကို ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ညွှန်ကြားမှုရုံး အဆိုအရ မြောက်ကိုရီးယားက ဆွေးနွေးမှုကို ရွှေ့ဆိုင်း လိုက်သော်လည်း မည်သည့် နေ့ရက်တွင် ပြုလုပ်နိုင်သည် ဟူသော ကိစ္စကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဟု ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ ဆိုးရွားသွားသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး ရပ်ဆိုင်းမှုကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနှင့် ရှိထားသော အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ထားသည်။

ကုလ လုံခြုံရေး ကောင်စီ၏ ကြေညာချက်တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား၏ လုပ်ဆောင်မှုများကို ချီးမွမ်း ရေးသားထားသည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံအပေါ် ပြစ်တင် ရှုတ်ချထားခြင်း မရှိပေ။ သတင်းထောက်များ အဆိုအရ လုံခြုံရေးကောင်စီ ကြေညာချက်သည် တရုတ်နိုင်ငံ၏ ထောက်ပံ့မှု ရရှိရေး အလို့ငှာ ထုတ်ပြန်သည့် သဘောမျိုး ဖြစ်ကြောင်း သိရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment