Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 13th July 2010

ထိုင်း-မြန်မာ ကူးသန်း ရောင်းဝယ်ရေး အတွက် အဓိကကျသော ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားအား မြန်မာ အာဏာပိုင်များက အင်္ဂါနေ့ အထိ ပိတ်ထားလိုက်သည်။ မြန်မာနိုင်ငံမှ သော်လည်းကောင်၊ နိုင်ငံတွင်းသို့ သော်လည်းကောင်း ပစ္စည်းများ ရောင်းဝယ်ခြင်းကို ခွင့်မပြုပါ။ အကြောင်းရင်းမှာ သံလွင်မြစ်တွင် မြစ်ကမ်း တိုက်စားမှု အတွက် ထိုင်းနိုင်ငံ၏ မြေထိန်းနံရံ ဆောက်လုပ်မှု စီမံကိန်းကို သပိတ်မှောက်သည့် အနေဖြင့် ပိတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက တံတားကို မည်သည့် အချိန်တွင် ပြန်ဖွင့်ရမည် ဆိုသည်ကို မသိသေးကြောင်း ပြောသည်။ တံတား ပိတ်ထားမှုကြောင့် နှစ်ဖက်စလုံးတွင် စီးပွားရေး အရ များစွာ နစ်နာလျက် ရှိသည်။

"မြန်မာအစိုးရ တာဝန်ရှိသူတွေက တံတားပေါ်မှာ ခြေလျင် လျှောက်သူကိုသာ ခွင့်ပြုတယ်'' ဟု အဆိုပါ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် တာဝန်ကျသူ ထိုင်း အကောက်ခွန် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောသည်။ "သူတို့က ဘာပစ္စည်းမှ သယ်ခွင့်မပြုဘူး။ ဘာကြောင့်မှန်း အခုထိ မသိသေးဘူး'' ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း သတင်းဋ္ဌာန၏ အဆိုအရ မြန်မာ အာဏာပိုင်များက ထိုင်းနိုင်ငံ၏ မြစ်ကမ်း တိုက်စားမှု ကာကွယ်ရေး အတွက် တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်လျက် ရှိကြောင်း၊ ထိုစီမံကိန်းကြောင့် ရေစီးကြောင်း ပြောင်းသွားပြီး၊ မြန်မာနိုင်ငံဖက်ရှိ မြစ်မှာ တိမ်ကော သွားနေကြောင်း ကန့်ကွက်သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment