Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် စစ်ဘက် အရာရှိများ ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားမှုရုံး (UNC) နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားကြောင်း တောင်ကိုရီးယား အခြေစိုက် Yonhap သတင်းဌာနက ဆိုသည်။ အဆိုပါဆွေးနွေးပွဲသည် မတ်လ ၂၆ ရက်နေ့ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် အပြစ် ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ပထမဆုံး ဖြစ်သည်။

တစ်နာရီခွဲ ကြာမျှ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ရလဒ်များကို မကြာမီ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း UNC မှ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဆိုသည်။ ယခု တွေ့ဆုံ ဆွေးနွေးမှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မူလက ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သဘော တူထားမှုကို ပြုံးယမ်း အစိုးရက ရွှေ့ဆိုင်းလိုက်ပြီးနောက် ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ တင်းမာလာခဲ့သည်။ သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ အဆိုပါ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို၏ တိုက်ခိုက်မှု ခံရသောကြောင့် နစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ ချိုနန် ကိစ္စတွင် မိမိတို့၌ တာဝန် မရှိကြောင်း ပြုံးယမ်းအစိုးရက ငြင်းပယ် ပြောဆိုထားပြီး မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခွင့် ပေးရန် အဆိုပြုထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) သည် ဇူလိုင်လ ၁၀ ရက် နေ့တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု အပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

KUNA သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment