Transparency Myanmar

transparency.myanmar@gmail.com

ငွေကြေးတန်ဖိုး ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ တန်ဖိုး ရှိသည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်း တည်ဆောက်မှုကို တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် စွမ်းအင် ကော်ပိုရေးရှင်းကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုကို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေဒေသ ကျောက်ဖြူဆိပ်ကမ်းမှ စတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ နယ်စပ်မြို့သို့ ယှဉ်လျက် သွယ်တန်းသွားမည် ဖြစ်သည်ဟု ဆိုသည်။

ကီလိုမီတာ ၁၁၀၀ ရှည်လျားမည့် ရေနံပိုက်လိုင်းမှာ ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် အဆုံးသတ်မည်ဖြစ်ကာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှာ ကူမင်းမှတစ်ဆင့် ကွမ်ကျိုးပြည်နယ်၊ ဂွမ်ဇီသို့ ဆက်လက် သွယ်တန်းသွားမည် ဖြစ်ပြီး စုစုပေါင်း အရှည် ၂၈၀၆ ရှည်လျားမည်ဟု ဆိုသည်။

CNPC သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အဆိုပါ ပိုက်လိုင်းများ သွယ်တန်း တည်ဆောက်ရေးနှင့် လုပ်ငန်း လည်ပတ်နိုင်ရေး အစရှိသော သီးသန့် အခွင့်အရေးများကို မြန်မာ အစိုးရထံမှ ရရှိခဲ့သည်။ ယင်း တရုတ်စွမ်းအင် ကော်ပိုရေးရှင်းသည် ထိုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ သင်္ဘောဆိပ်ခံ ဘောတံတား တည်ဆောက်မှုလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့သည်။

သတင်းများအရ အဆိုပါ ပိုက်လိုင်း သွယ်တန်းမှုကြောင့် တရုတ်ပြည်သို့ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဒေသမှ ရေနံတင်သွင်းမှု လမ်းကြောင်းပုံစံ ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုပြင် ပင်လယ်ဓားပြ အန္တရာယ် ပေါများပြီး ရေလမ်းကြောင်း ပိတ်ဆို့မှုများစွာ ဖြစ်ပေါ်လေ့ ရှိသော မလက္ကာ ရေလက်ကြားအပေါ် လုံးလုံးလျားလျား မှီခို အားထား နေရသောကြောင့် စိတ်သောက ရောက်နေရသော ဘေဂျင်း အစိုးရအတွက် စိတ်သက်သာရာ လုံးဝ ရရှိလိမ့်မည် ဖြစ်သည်။

ရေနံပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံ ဘင်္ဂလား ပင်လယ်အော် ဒေသမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့အထိ ချိတ်ဆက်မည် ဖြစ်သည်။

Platts.com ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment