Transparency Myanmar

transparency.myanmar@gmail.com

CNN News,29th July2010

တောင်ကိုးရီးယား ဝန်ကြီးချုပ်သည် ဒုတိယ အကြိမ် နုတ်ထွက်ရန် အဆိုပြု တင်ပြခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးမှ ကြာသပတေးနေ့က ပြောကြားခဲ့သည်။ အစိုးရရုံးများကို ဆိုးလ်မြို့တော် ပြင်ပတွင် ပြောင်းရွှေ့ နေရာ ချထားခြင်းကို ရပ်တန့်နိုင်ရေး အတွက် ပါလီမန်၏ အတည်ပြုမှု ရယူရန် ရှုံးနိမ့်ပြီးနောက် ထိုသို့  နုတ်ထွက်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်အနေနဲ့ Sejong ပရောဂျက်ကို ပြန်လှန် သုံးသပ်ခဲ့ပေမဲ့ အပြီး မသတ်နိုင်ခြင်း အတွက် များစွာ နောင်တရပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ အလကား ဖြစ်မယ့် အရေးနဲ့ အစိုးရကို အစီအစဉ် မကျမှုတွေ ဖြစ်စေမယ့် ဒီပရောဂျက်ကို မကာကွယ်နိုင်ခဲ့လို့ အပြစ်ရှိသလို ခံစားရပါတယ်'' ဟု ဝန်ကြီးချုပ် Chung Un-Chan က ၎င်း၏  website ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် သမ္မတ Lee Myung-bak က ၎င်း၏ နုတ်ထွက်စာကို လက်ခံ/ မခံ မသိရှိရသေးပေ။

ဝန်ကြီးချုပ်သည် ဇူလိုင်လ (၅) ရက်နေ့က နှုတ်ဖြင့်  နုတ်ထွက်လိုကြောင်း ပြောကြားခဲ့သော်လည်း၊ သမ္မတ Lee လက်ခံခဲ့ခြင်း မရှိခဲ့ပေ။ အစိုးရ ရုံးများ ပြောင်းရွှေ့ရေး ကြိုးစားမှုကို ရပ်တန့်ရန် ပါလီမန်၏ အတည်ပြုမှု မရရှိခဲ့ခြင်းကြောင့် ထိုသို့ နုတ်ထွက်ရန် အဆိုပြုခဲ့ခြင်း ဖြစ်ပြီး၊ ၎င်း၏ ပါတီ သြဇာလွှမ်းမိုးမှု ကျဆင်းနေသည့် လက္ခဏာ ဖြစ်သည်။

သမ္မတ၏ Grand National Party သည် မကြာမီက ပြုလုပ်ခဲ့သော ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သင်္ဘော Cheonan နစ်မြုပ်မှုကို ကိုင်တွယ်ခြင်း အပေါ် ပြည်သူ့ ဆန္ဒ သဘောထား ထင်ဟပ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အဆိုပါ သင်္ဘော နစ်မြုပ်မှု အတွက် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်လာခဲ့သည်။

မြောက်ကိုးရီးယား တော်ပီဒိုက Cheonan သင်္ဘောအား နစ်မြုပ်ခဲ့သည် ဆိုခြင်းကို မြောက်ကိုးရီးယားက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment