Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 29th July 2010

ထိုင်းနိုင်ငံ၏ ရေနံ ဓါတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ PTTEP သည် မြန်မာနိုင်ငံပိုင် MOGE ရေနံ ဓါတ်ငွေ့ လုပ်ငန်းနှင့် ဇောတိက (သို့) M 9 လုပ်ကွက်မှ  သဘာဝဓါတ်ငွေ့များ ဝယ်ယူရန် သဘောတူ စာချုပ်ကို သောကြာနေ့တွင် လက်မှတ် ရေးထိုးမည်ဟု စွမ်းအင် ဝန်ကြီး ဝါနရတ် ချန်နူကူ က ကြာသပတေးနေ့တွင် ပြောကြားသည်။

စာချုပ် လက်မှတ်ထိုးရာတွင် သက်သေ အဖြစ် ပါဝင်ရန် မနက်ဖြန် မြန်မာသို့ သွားမည်ဟု ၎င်းက ပြောကြားသည်။

"တိုင်းပြည် အတွက် စွမ်းအင် လုံခြုံမှု သေချာအောင်  PTTEP က ပင်လယ်ရပ်ခြား စွမ်းအင် ရင်းမြစ်တွေ အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တာဟာ ထိုင်းနိုင်ငံအတွက် သတင်းကောင်းပါပဲ'' ဟုဝန်ကြီးက ဆိုသည်။

M9 လုပ်ကွက်တွင် အရံ ဓါတ်ငွေ့ သိုလှောင်မှု ပမာဏ ကုဗမီတာ ၁.၄ ထရီလျံ ရှိသည်ဟု ခန့်မှန်းထားသည်။ MOGEက ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗမီတာ သန်း ၂၄၀ နှုန်းဖြင့် ပို့ဆောင်မည် ဖြစ်ကာ နောက်ထပ် သန်း ၆၀ ကုဗမီတာကို ပြည်တွင်းတွင် ဖြန့်ဖြူးမည်ဟု ဆိုသည်။

နှစ် ၃၀ သဘောတူ စာချုပ် အရ MOGE က ၂၀၁၃ တွင် ဓါတ်ငွေ့ စတင် ပို့လွှတ်မည် ဖြစ်သည်။

ယခု ဓါတ်ငွေ့ စာချုပ်သည် ပြည်တွင်းလုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် သာမက ပို့ဆောင်ရေး ကဏ္ဍတွင်ပါ လုံလောက်စွာ အသုံးပြုနိုင်မည့် ဓါတ်ငွေ့များ ရရှိမည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ပို့လွှတ်မည့် ဓါတ်ငွေ့များကြောင့် ရေနံစိမ်း တင်သွင်းမှု တစ်နှစ်လျှင် ၂.၄ ဘီလျံ လီတာခန့် လျှော့ချနိုင်ရန် အထောက်အကူ ဖြစ်ပြီး နှစ်စဉ် ဘတ်ငွေ ၄၀၀ ဘီလျံ သက်သာစေလိမ့်မည် ဟုလည်း ဝန်ကြီးက ပြောသည်။

ယခု စာချုပ်ကြောင့် အာဆီယံ ဖြတ်သန်း ဓါတ်ငွေ့ ပိုက်လိုင်း လက်ရှိ အရှည် ၂၈၀၀ ကီလိုမီတာ မှ ၃၀၂၀ ကီလိုမီတာသို့ ရောက်ရှိလာမည် ဖြစ်ကာ အာဆီယံ ဒေသတွင်း စွမ်းအင် လုံခြုံမှုကိုလည်း ဖြည့်ဆည်း ကူညီနိုင်လိမ့်မည်ဟု မစ္စတာ ဝမ်နာရတ်က ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment