Transparency Myanmar

transparency.myanmar@gmail.com

Xinhua, 12th Sept 2010

မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုနှင့် တံခါး ဖွင့်လှစ်မှု အတွေ့အကြုံများကို လေ့လာ သင်ယူရမည် ဖြစ်ကြောင်းနှင့် တရုတ်နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် မြန်မာ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စနေနေ့က တရုတ်နိုင်ငံတွင် ပြောကြားခဲ့သည်။

၎င်းသည် တရုတ် နိုင်ငံ၏ ပထမဆုံး အထူး စီးပွားရေးဇုန် Shenzhen သို့ လှည်လည် ကြည့်ရှုစဉ် ဤသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Shenzhen သို့ လာရောက်ရခြင်းမှာ Shenzhen ၏ ဖွံ့ဖြိုးမှု အတွေ့အကြုံများကို လေ့လာ သင်ယူရန် လာရောက်ခြင်း ဖြစ်ကြောင်း သန်းရွှေက ပြောကြားခဲ့သည်။

ယခုနှစ်သည် Shenzhen  အထူး စီးပွားရေးဇုန် ထူထောင်ခြင်း အနှစ် သုံးဆယ်ပြည့်နှစ် ဖြစ်သည်။

Shenzhen တွင် နေထိုင်စဉ် ကာလအတွင်း သန်းရွှေသည် Shenzhen Huawei Technology သို့ သွားရောက်ခဲ့ပြီး၊ တယ်လီဖုန်း ဆက်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့သည်။ ထို့အပြင် ၎င်းသည် အခြား ကဏ္ဍများ ဖြစ်သော ဘဏ္ဍာရေး၊ အာမခံ ကိစ္စများတွင် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်           ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရခြင်းမှာ ရှေ့ဆက်၍ တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းများအတွက် ဖြစ်ကြောင်း သန်းရွှေက ပြောကြားခဲ့သည်။

၎င်းသည် Beijing နှင့် ရှန်ဟဲ ခရီးစဉ်များ အပြီးတွင် Shenzhen သို့ သောကြာနေ့ နေ့လည်က ရောက်ရှိခဲ့ပြီး၊ ၎င်း၏ ငါးရက်ကြာ ခရီးစဉ်သည် စနေနေ့ နေ့လည်တွင် ပြီးဆုံးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment