Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, By Willian Boot, 11th Sept 2010

အိန္ဒိယ နိုင်ငံသည် ဒေါ်လာ ၅ ဘီလျံ တန်ဘိုးရှိ ရေအား လျှပ်စစ် စီမံကိန်းများကို မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းတွင် တည်ဆောက်ရေးအတွက် ပြန်လည် အဆိုပြုရန် ကြံရွယ်လျက် ရှိပြီး ထွက်ရှိလာသော ဓါတ်အား အများစုကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ ပို့လွှတ်မည် ဖြစ်သည်။

၂၀၀၈ ခုနှစ်က ရပ်ဆိုင်းသွားသော အဆိုပြုချက်များကို အမျိုးသား ရေအားလျှပ်စစ် ကော်ပိုရေးရှင်း NHPC  ကအိန္ဒိယ ပြည်ပ ရေးရာ ဌာနသို့ အောက်တိုဘာလတွင် တင်ပြရန် အတွက် ပြင်ဆင်လျက် ရှိသည်ဟု Hindustan Times စီးပွားရေး သတင်း ဝက်ဘ်ဆိုက်က ဆိုသည်။

ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစာရံ ရေလှောင်တမံများသည် လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ထုတ်လုပ်နိုင်စွမ်းထက် ပိုများသော လျှပ်စစ်ဓါတ်အား ၁၈၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

အိန္ဒိယ လေ့လာ တိုင်းတာရေး အဖွဲ့များသည် ရေလှောင်တမံ ဆောက်လုပ်မည့် နေရာများသို့ သွားရောက်ကာ အိန္ဒိယ ဝန်ကြီးဌာနသို့ စီမံကိန်း လက်ရှိ အခြေအနေ အစီရင်ခံစာ တင်ပြရန် ပြင်ဆင်နေကြသည်ဟု NHPC  ဦးဆောင် ညွှန်ကြားရေးမှူး SK Garq က ပြောကြားခဲ့ခြင်းကို နယူးဒေလီ သတင်းစာက ပြန်လည် ဖော်ပြထားသည်။

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယ နိုင်ငံသို့ မကြာမီ လာရောက် လည်ပတ်ခဲ့ပြီးနောက် အထက်ပါ စီမံကိန်းများကို ပြန်လည် အသက်သွင်းလာခြင်းမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အစပျိုးရန် တရုတ်သြဇာ လွှမ်းမိုးလာမှုကို တန်ပြန်ရန်အတွက် စီးပွားရေး ဆက်ဆံမှု ဗျူဟာ အစိတ်အပိုင်း တစ်ရပ်ပင် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၎င်း၏ လျှပ်စစ် ဓါတ်အား လိုအပ်ချက် မြင့်မားနေသော ဒါကာအတွက် ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာအစိုးရနှင့် သဘော တူညီချက် ရရှိခဲ့ကြောင်း ကြေညာပြီး တစ်ပတ်မျှ အကြာတွင် ချင်းတွင်းမြစ်ပေါ်မှ ရေလှောင် တမံများကို NHPC ၏ စိတ်ဝင်စားမှု ပြန်လည် အသက်ဝင်လာခြင်း ဖြစ်သည်။

အဆိုပါ ချင်းတွင်း ရေအား လျှပ်စစ် စီမံကိန်း ၂ခုနှင့် ဓါတ်အား ပို့လွှတ်မှု အခြေခံ အဆောက်အဦးများ အတွက် ဒေါ်လာ ၅.၄ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း Garg က ပြောကြားခဲ့ခြင်းကို Hindustan Times က ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment